17. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အောင်ပွဲကြီးများခံစေတော်မူပါ၏။မေတ္တာရှိတော်မူသဖြင့်ကျွန်တော်မျိုးတို့အား အနိုင်ရစေတော်မူပါ၏။
18. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကွယ်ကာသောသူကိုရွေးချယ်ပေးတော် မူပါ၏။ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောဘုရားသခင်၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အတွက် ရှင်ဘုရင်ကိုခန့်ထားပေးတော်မူပါ၏။
19. လွန်လေပြီးသောအခါ၌ကိုယ်တော်ရှင်သည် သစ္စာရှိသူအစေခံများအားဗျာဒိတ်ရူပါရုံတွင်``ထင်ရှားကျော်စောသူ စစ်သူရဲအားငါသည်ကူမတော်မူပြီ။လူတို့အထဲမှရွေးချယ်ထားသူအားရာဇ ပလ္လင်ကို ငါအပ်နှင်းပြီ။
20. ငါ၏အစေခံဒါဝိဒ်ကိုဆီတော်ဖြင့်ဘိသိက် ပေး၍ ဘုရင်အဖြစ်ငါခန့်ထားပြီ။
21. သူသည်ငါ့ထံမှခွန်အားကိုအစဉ်အမြဲ ရရှိမည်။ ငါ၏တန်ခိုးအားဖြင့်သူ့အားစွမ်းသန် စေမည်။
22. သူ၏ရန်သူတို့သည်သူ့အပေါ်တွင်အဘယ် အခါ၌မျှ အနိုင်ရကြလိမ့်မည်မဟုတ်။သူယုတ်မာတို့သည်သူ့ကိုနှိမ်နင်းနိုင် လိမ့်မည်မဟုတ်။
23. ငါသည်သူ၏ရန်သူများကိုချေမှုန်းပစ်မည်။သူ့ကိုမုန်းသောသူအပေါင်းတို့အား သုတ်သင်ပစ်မည်။
24. ငါသည်သူ့အားအစဉ်ချစ်မြတ်နိုး၍သစ္စာ စောင့်မည်။သူ့အားအစဉ်အောင်ပွဲခံစေမည်။
25. ငါသည်သူ၏တိုင်းနိုင်ငံကိုမြေထဲပင်လယ်မှ ဥဖရတ်မြစ်တိုင်အောင်ကျယ်ပြန့်စေမည်။