ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 89:10-22 Common Language Bible (BCL)

10. ကိုယ်​တော်​ရှင်​သည်​ရာ​ခပ် ကို ချေ​မှုန်း​သတ်​ဖြတ်​ပစ်​တော်​မူ​ပါ​၏။တန်​ခိုး​တော်​ဖြင့်​ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​ကို နှိမ်​နင်း​တော်​မူ​ပါ​၏။

11. ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊မိုး​ကောင်း​ကင် ကို​လည်း​ကောင်း​ပိုင်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​နှင့်​ကမ္ဘာ​ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။

12. ကိုယ်​တော်​ရှင်​သည်​မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။တာ​ဗော်​တောင်​နှင့်​ဟေ​ရ​မုန်​တောင်​တို့​သည်ကိုယ်​တော်​ရှင်​အား​ရွှင်​လန်း​စွာ​ထော​မ​နာ ပြု​ကြ​ပါ​၏။

13. ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ ပါ​သည်​တ​ကား။ကိုယ်​တော်​ရှင်​၏​ခွန်​အား​တော်​သည်​ကြီး​မား လှ​ပါ​သည်​တ​ကား။

14. ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​ပါ​၏။ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သောအ​မှု​အ​ရာ​တို့​တွင်​မေတ္တာ​တော်​နှင့်​သစ္စာ​တော် ပေါ်​လွင်​ထင်​ရှား​ပါ​၏။

15. သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် ဝတ်​ပြု​သော၊ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​အ​လင်း​တွင်ကျင်​လည်​သော​သူ​တို့​သည်​အ​လွန်​မင်္ဂလာ ရှိ​ပါ​သည်​တ​ကား။

16. သူ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​အ​ကြောင်း​ပြု​၍ တစ်​နေ့​လုံး​ဝမ်း​မြောက်​ရွှင်​မြူး​လျက်​နေ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့်သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​၏။

17. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အောင်​ပွဲ​ကြီး​များ​ခံ​စေ​တော်​မူ​ပါ​၏။မေတ္တာ​ရှိ​တော်​မူ​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့​အား အ​နိုင်​ရ​စေ​တော်​မူ​ပါ​၏။

18. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကွယ်​ကာ​သော​သူ​ကို​ရွေး​ချယ်​ပေး​တော် မူ​ပါ​၏။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အ​တွက် ရှင်​ဘု​ရင်​ကို​ခန့်​ထား​ပေး​တော်​မူ​ပါ​၏။

19. လွန်​လေ​ပြီး​သော​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် သစ္စာ​ရှိ​သူ​အ​စေ​ခံ​များ​အားဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်``ထင်​ရှား​ကျော်​စော​သူ စစ်​သူ​ရဲ​အား​ငါ​သည်​ကူ​မ​တော်​မူ​ပြီ။လူ​တို့​အ​ထဲ​မှ​ရွေး​ချယ်​ထား​သူ​အား​ရာ​ဇ ပလ္လင်​ကို ငါ​အပ်​နှင်း​ပြီ။

20. ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ဆီ​တော်​ဖြင့်​ဘိ​သိက် ပေး​၍ ဘု​ရင်​အ​ဖြစ်​ငါ​ခန့်​ထား​ပြီ။

21. သူ​သည်​ငါ့​ထံ​မှ​ခွန်​အား​ကို​အ​စဉ်​အ​မြဲ ရ​ရှိ​မည်။ ငါ​၏​တန်​ခိုး​အား​ဖြင့်​သူ့​အား​စွမ်း​သန် စေ​မည်။

22. သူ​၏​ရန်​သူ​တို့​သည်​သူ့​အ​ပေါ်​တွင်​အ​ဘယ် အ​ခါ​၌​မျှ အ​နိုင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။သူ​ယုတ်​မာ​တို့​သည်​သူ့​ကို​နှိမ်​နင်း​နိုင် လိမ့်​မည်​မ​ဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 89