အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 89 Common Language Bible (BCL)

နိုင်​ငံ​ဘေး​နှင့်​တွေ့​ကြုံ​ချိန်​သီ​ဆို​သည့်​သီ​ချင်း၃ရာ၊ ၄:၃၁။

1. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သောမေတ္တာ​တော်​အ​ကြောင်း​ကို​အ​စဉ်​သီ​ချင်း​ဆို ပါ​မည်။အ​ခါ​ခပ်​သိမ်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။

2. ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည်​ကာ​လ​အ​စဉ် တည်​တော်​မူ​၍သစ္စာ​တော်​သည်​လည်း​မိုး​ကောင်း​ကင်​ကဲ့​သို့ ခိုင်​မြဲ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။

3-4. ကိုယ်​တော်​ရှင်​က``ငါ​ရွေး​ကောက်​သူ​နှင့်​ငါ​သည် ပ​ဋိ​ညာဉ်​ပြု​ပြီ။ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​အ​မြဲ​ရ​လိမ့်​မည်။သင်​၏​မင်း​မျိုး​မင်း​နွယ်​သည်​အ​ဆက်​မ​ပြတ် ဖြစ်​လိမ့်​မည်' ဟုငါ​က​တိ​ပေး​ပြီ'' ဟူ​၍​မိန့်​တော်​မူ​ပါ​၏။

5. ကောင်း​ကင်​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သောအံ့​သြ​ဖွယ်​ရာ​များ​အ​ကြောင်း​ကို​သီ​ချင်း​ဆို ကြ​ပါ​၏။အို ထာ​ဝ​ရ​ဘု​ရား၊သန့်​ရှင်း​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​သီ​ချင်း​ဆို​ကြ​ပါ​၏။

6. အို ထာ​ဝ​ရ​ဘု​ရား၊ကောင်း​ကင်​ဘုံ​တွင်​ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ တူ​ပါ​သ​နည်း။အ​ဘယ်​ကောင်း​ကင်​သား​သည်​ကိုယ်​တော်​ကို တု​ပြိုင်​နိုင်​ပါ​သ​နည်း။

7. ကိုယ်​တော်​ရှင်​သည်​သန့်​ရှင်း​သူ​တို့​၏​ကောင်​စီ​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို​ခံ​ရ​ပါ​၏။သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​လွန်​စွာ ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​၏။

8. အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​ကဲ့​သို့​တန်​ခိုး​ကြီး​မား​သူ မ​ရှိ​ပါ။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့​တွင် သစ္စာ​ရှိ​တော်​မူ​ပါ​၏။

9. ကိုယ်​တော်​ရှင်​သည်​လှိုင်း​ကြီး​သည့်​ပင်​လယ်​ကို အ​စိုး​ရ​တော်​မူ​၍ပြင်း​ထန်​သော​လှိုင်း​တံ​ပိုး​တို့​ကို​ငြိမ်း​စေ​တော်​မူ​ပါ။

10. ကိုယ်​တော်​ရှင်​သည်​ရာ​ခပ် ကို ချေ​မှုန်း​သတ်​ဖြတ်​ပစ်​တော်​မူ​ပါ​၏။တန်​ခိုး​တော်​ဖြင့်​ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​ကို နှိမ်​နင်း​တော်​မူ​ပါ​၏။

11. ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊မိုး​ကောင်း​ကင် ကို​လည်း​ကောင်း​ပိုင်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​နှင့်​ကမ္ဘာ​ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။

12. ကိုယ်​တော်​ရှင်​သည်​မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။တာ​ဗော်​တောင်​နှင့်​ဟေ​ရ​မုန်​တောင်​တို့​သည်ကိုယ်​တော်​ရှင်​အား​ရွှင်​လန်း​စွာ​ထော​မ​နာ ပြု​ကြ​ပါ​၏။

13. ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ ပါ​သည်​တ​ကား။ကိုယ်​တော်​ရှင်​၏​ခွန်​အား​တော်​သည်​ကြီး​မား လှ​ပါ​သည်​တ​ကား။

14. ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​ပါ​၏။ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သောအ​မှု​အ​ရာ​တို့​တွင်​မေတ္တာ​တော်​နှင့်​သစ္စာ​တော် ပေါ်​လွင်​ထင်​ရှား​ပါ​၏။

15. သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် ဝတ်​ပြု​သော၊ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​အ​လင်း​တွင်ကျင်​လည်​သော​သူ​တို့​သည်​အ​လွန်​မင်္ဂလာ ရှိ​ပါ​သည်​တ​ကား။

16. သူ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​အ​ကြောင်း​ပြု​၍ တစ်​နေ့​လုံး​ဝမ်း​မြောက်​ရွှင်​မြူး​လျက်​နေ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့်သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​၏။

17. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အောင်​ပွဲ​ကြီး​များ​ခံ​စေ​တော်​မူ​ပါ​၏။မေတ္တာ​ရှိ​တော်​မူ​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့​အား အ​နိုင်​ရ​စေ​တော်​မူ​ပါ​၏။

18. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကွယ်​ကာ​သော​သူ​ကို​ရွေး​ချယ်​ပေး​တော် မူ​ပါ​၏။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အ​တွက် ရှင်​ဘု​ရင်​ကို​ခန့်​ထား​ပေး​တော်​မူ​ပါ​၏။

ဒါ​ဝိဒ်​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​က​တိ​တော်

19. လွန်​လေ​ပြီး​သော​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် သစ္စာ​ရှိ​သူ​အ​စေ​ခံ​များ​အားဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်``ထင်​ရှား​ကျော်​စော​သူ စစ်​သူ​ရဲ​အား​ငါ​သည်​ကူ​မ​တော်​မူ​ပြီ။လူ​တို့​အ​ထဲ​မှ​ရွေး​ချယ်​ထား​သူ​အား​ရာ​ဇ ပလ္လင်​ကို ငါ​အပ်​နှင်း​ပြီ။

20. ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ဆီ​တော်​ဖြင့်​ဘိ​သိက် ပေး​၍ ဘု​ရင်​အ​ဖြစ်​ငါ​ခန့်​ထား​ပြီ။

21. သူ​သည်​ငါ့​ထံ​မှ​ခွန်​အား​ကို​အ​စဉ်​အ​မြဲ ရ​ရှိ​မည်။ ငါ​၏​တန်​ခိုး​အား​ဖြင့်​သူ့​အား​စွမ်း​သန် စေ​မည်။

22. သူ​၏​ရန်​သူ​တို့​သည်​သူ့​အ​ပေါ်​တွင်​အ​ဘယ် အ​ခါ​၌​မျှ အ​နိုင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။သူ​ယုတ်​မာ​တို့​သည်​သူ့​ကို​နှိမ်​နင်း​နိုင် လိမ့်​မည်​မ​ဟုတ်။

23. ငါ​သည်​သူ​၏​ရန်​သူ​များ​ကို​ချေ​မှုန်း​ပစ်​မည်။သူ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​အား သုတ်​သင်​ပစ်​မည်။

24. ငါ​သည်​သူ့​အား​အ​စဉ်​ချစ်​မြတ်​နိုး​၍​သစ္စာ စောင့်​မည်။သူ့​အား​အ​စဉ်​အောင်​ပွဲ​ခံ​စေ​မည်။

25. ငါ​သည်​သူ​၏​တိုင်း​နိုင်​ငံ​ကို​မြေ​ထဲ​ပင်​လယ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​စေ​မည်။

26. သူ​သည်​ငါ့​အား`ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​၏​အ​ဖ၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​ခို​လှုံ​ရာ၊ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​ပါ​၏' ဟူ​၍​လျှောက်​ထား​လိမ့်​မည်။

27. ငါ​သည်​သူ့​အား​ငါ​၏​သား​ဦး​ဖြစ်​စေ​မည်။ ဘုန်း​အ​ကြီး​ဆုံး​သော​ဘု​ရင်​ဖြစ်​စေ​မည်။

28. ငါ​သည်​သူ့​အား​ထား​ရှိ​သည့်​က​တိ​သစ္စာ​ကို အ​စဉ်​တည်​စေ​မည်။ငါ​နှင့်​သူ​ပြု​သော​ပ​ဋိ​ညာဉ်​ကို​ခိုင်​မြဲ​စေ​မည်။

29. သူ​၏​တိုင်း​နိုင်​ငံ​သည်​မိုး​ကောင်း​ကင်​ကဲ့​သို့ တည်​မြဲ​လိမ့်​မည်။သူ​၏​သား​မြေး​များ​သည်​အ​ခါ​ခပ်​သိမ်း​ဘု​ရင် ဖြစ်​ကြ​လိမ့်​မည်။

30. ``သို့​ရာ​တွင်​အ​ကယ်​၍​သူ​၏​သား​မြေး​တို့​သည်ငါ့​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ​ငါ​၏​နည်း ဥ​ပ​ဒေ​ကို မ​ကျင့်​သုံး​လျှင်​သော်​လည်း​ကောင်း၊

31. ငါ​၏​ညွှန်​ကြား​ချက်​များ​ကို​လျစ်​လူ​ရှု​၍ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​မ​ထိန်း​လျှင် သော်​လည်း​ကောင်း

32. ငါ​သည်​သူ​တို့​ပြု​သည့်​ဒု​စ​ရိုက်​များ​အ​တွက် အ​ပြစ်​ပေး​မည်။သူ​တို့​၏​အ​မှား​များ​အ​တွက်​ဒဏ်​ခတ်​မည်။

33. သို့​သော်​ငါ​သည်​ဒါ​ဝိဒ်​ကို​ချစ်​မြဲ​ချစ်​မည်။သူ့​အား​ငါ​ထား​သည့်​က​တိ​တော်​ကို​လည်း ဖျက်​မည်​မ​ဟုတ်။

34. ငါ​သည်​သူ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို ပျက်​ပြယ်​စေ​မည်​မ​ဟုတ်။သူ့​အား​ပေး​ခဲ့​သော​က​တိ​တော်​တစ်​ခု​ကို​မျှ ရုပ်​သိမ်း​မည်​မ​ဟုတ်။

35. ``ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဒါ​ဝိဒ်​အား လှည့်​စား​၍ မိန့်​ဆို​မည်​မ​ဟုတ်​ဟူ​၍သန့်​ရှင်း​မြင့်​မြတ်​သည့်​ငါ့​နာ​မ​ကို​တိုင်​တည်​၍ တစ်​ခါ​တည်း​အ​ပြီး​အ​ပိုင်​က​တိ​ပေး​ပြီ။

36. ဒါ​ဝိဒ်​၏​မျိုး​ရိုး​အ​ဘယ်​အ​ခါ​၌​မျှ​မ​တိမ်​ကော​ရ။နေ​သည်​ထွန်း​လင်း​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​မြဲ​စေ​မည်။

37. သူ​၏​နိုင်​ငံ​သည်​မိုး​ကောင်း​ကင်​တွင်​တည်​မြဲ​သော သက်​သေ​ဖြစ်​သည့်​လ​ကဲ့​သို့အ​စဉ်​အ​မြဲ​တည်​လျက်​နေ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

မင်း​ကြီး​အ​ရေး​ရှုံး​နိမ့်​သည့်​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း

38. သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို အ​မျက်​ထွက်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​သူ့​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ့​အား​ပစ်​ပယ်​တော်​မူ​ပါ​ပြီ။

39. ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​နှင့်​ပြု​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ပယ်​ဖျက်​တော်​မူ​ပါ​ပြီ။သူ​၏​သ​ရ​ဖူ​ကို​မြေ​သို့​ချ​တော်​မူ​ပါ​ပြီ။

40. သူ​၏​မြို့​တော်​တံ​တိုင်း​များ​ကို​ချိုး​ဖျက်​တော်​မူ​၍ သူ​၏​ခံ​တပ်​များ​ကို​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။

41. သူ​၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​ကြ​သူ အ​ပေါင်း​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​ပါ​၏။အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ပြောင်​လှောင် ကြ​ပါ​၏။

42. ကိုယ်​တော်​ရှင်​သည်​သူ​၏​ရန်​သူ​တို့​အား​အောင်​ပွဲ​ကို ခံ​စေ​တော်​မူ​ပါ​ပြီ။သူ​တို့​အား​လုံး​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စေ​တော် မူ​ပါ​ပြီ။

43. ကိုယ်​တော်​ရှင်​သည်​သူ​၏​ဋ္ဌား​တို့​ကို​တုံး​စေ​တော် မူ​၍ သူ့​အား​စစ်​ပွဲ​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ ပါ​ပြီ။

44. ကိုယ်​တော်​ရှင်​သည်​သူ​၏​လှံ​တံ​တော်​ကို ယူ​သိမ်း​တော်​မူ​၍သူ​၏​ရာ​ဇ​ပလ္လင်​တော်​ကို​မြေ​သို့ လဲ​ကျ​စေ​တော်​မူ​ပါ​ပြီ။

45. ကိုယ်​တော်​ရှင်​သည်​သူ့​အား​အ​ချိန်​မ​ကျ​မီ အို​စေ​တော်​မူ​၍​အ​ရှက်​တ​ကွဲ​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။

လွတ်​မြောက်​ရန်​ဆု​တောင်း​ပတ္ထ​နာ

46. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​အ​စဉ်​ပင် ဖုံး​ကွယ်​၍​ထား​တော်​မူ​ပါ​မည်​လော။ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​အ​ဘယ်​မျှကြာ​အောင်​မီး​ကဲ့​သို့​တောက်​လောင်​၍ နေ​တော်​မူ​ပါ​မည်​နည်း။

47. ကျွန်​တော်​မျိုး​၏​အ​သက်​သည်​အ​ဘယ်​မျှ​တို​ကြောင်း အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​သေ​မျိုး​ဖြစ်​သောကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား​ဖန်​ဆင်း​ထား တော်​မူ​သည်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။

48. အ​ဘယ်​သူ​သည်​မ​သေ​ဘဲ​အ​စဉ်​အ​သက်​ရှင်​၍ နေ​နိုင်​ပါ​မည်​နည်း။လူ​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သို့​လျှင်သင်္ချိုင်း​တွင်း​သို့​မ​ရောက်​အောင်​တား​ဆီး​နိုင် ပါ​မည်​နည်း။

49. အို ဘု​ရား​သ​ခင်၊ယ​ခင်​က​ဖော်​ပြ​ခဲ့​သော​ကိုယ်​တော်​ရှင်​၏ မေတ္တာ​တော်​ကား​အ​ဘယ်​မှာ​နည်း။ဒါ​ဝိဒ်​အား​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သော က​တိ​တော်​များ​ကား​အ​ဘယ်​မှာ​နည်း။

50. ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​သည် အ​ဘယ်​သို့ အ​စော်​ကား​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ဘု​ရား​မဲ့​သူ​တို့​၏​ကျိန်​ဆဲ​ခြင်း​များ​ကိုအ​ဘယ်​သို့​ကျွန်​တော်​မျိုး​ခံ​ရ​သည်​ကို လည်း​ကောင်း မေ့​တော်​မ​မူ​ပါ​နှင့်။

51. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​ဘု​ရင်​ကိုကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​စော်​ကား​ကြ ပါ​သည်​တ​ကား။သူ​တို့​သည်​သူ့​အား​သွား​လေ​ရာ​ရာ​တွင် စော်​ကား​ကြ​ပါ​၏။

52. ထာ​ဝ​ရ​ဘု​ရား​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​ကုန်​လော့။အာ​မင်၊ အာ​မင်။