9. ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင် အားခေါ်ပါ၏။လက်အုပ်ချီ၍ကိုယ်တော်ထံဆုတောင်းပတ္ထနာပြုပါ၏။
10. ကိုယ်တော်ရှင်သည်သူသေတို့အတွက်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူပါသလော။သူတို့သည်သေရာမှထ၍ကိုယ်တော်ရှင်အား ထောမနာပြုပါသလော။
11. ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကို သင်္ချိုင်းတွင်း၌လည်းကောင်း၊ကိုယ်တော်ရှင်၏သစ္စာတော်အကြောင်းကို ပျက်စီးရာဌာန၌လည်းကောင်းထုတ်ဖော်ပြောဆိုခြင်းရှိပါသလော။
12. ကိုယ်တော်ရှင်၏ထူးဆန်းသောနိမိတ်လက္ခဏာ များကို ထိုမှောင်မိုက်ရာအရပ်၌လည်းကောင်း၊ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကိုမေ့လျော့ရာအရပ်၌လည်းကောင်းသိမြင်ခြင်း ရှိပါသလော။
13. အို ထာဝရဘုရား၊ကူမတော်မူရန်ကိုယ်တော်အားဟစ်ခေါ်ပါ၏။
14. အို ထာဝရဘုရား၊အဘယ်ကြောင့်ကျွန်တော်မျိုးထံမှမျက်နှာတော်ကို လွှဲတော်မူပါသနည်း။
15. ကျွန်တော်မျိုးသည်ငယ်စဉ်ကတည်းကဝေဒနာ ခံရလျက်သေလုနီးပါးဖြစ်ခဲ့ပါ၏။ကိုယ်တော်ရှင်ပေးတော်မူသောအပြစ်ဒဏ်ကြီးလေးမှုကြောင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်ပါ၏။
16. ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော်သည် ကျွန်တော်မျိုးအားပြိုလဲစေပါ၏။ကိုယ်တော်ရှင်၏ကြောက်မက်ဖွယ်သောတိုက်ခိုက်မှုများသည်ကျွန်တော်မျိုးအား ချေမှုန်းစေပါ၏။
17. ယင်းတို့သည်မြစ်ရေလျှံသကဲ့သို့တစ်နေ့လုံး ကျွန်တော်မျိုးအားဝိုင်းရံလျက်ရှိပါ၏။အဘက်ဘက်မှနေ၍ကျွန်တော်မျိုးအနီးသို့ ချဉ်းကပ်လာကြပါ၏။
18. အရင်းနှီးဆုံးသောမိတ်ဆွေများအားပင် လျှင် ကျွန်တော်မျိုးကိုစွန့်ပစ်စေတော်မူပါပြီ။ကျွန်တော်မျိုးမှာမိတ်ဆွေဖွဲ့ရန်မှောင်မိုက်သာလျှင် ကျန်ရှိပါတော့၏။