2. ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။
3. ကျွန်တော်မျိုးသည်ဒုက္ခရောက်ရဖန်များလှ သဖြင့် သေလုပါပြီ။
4. ကျွန်တော်မျိုးသည်သေအံ့ဆဲဆဲဖြစ်လျက် နေသူတစ်ယောက်ဖြစ်ပါ၏။အားအင်လည်းကုန်ခန်းပါပြီ။
5. ကျွန်တော်မျိုးသည်သူသေကဲ့သို့ဖြစ်ပါ၏။အသတ်ခံရ၍သင်္ချိုင်းတွင်းထဲသို့ရောက်ရှိနေသည့် သူသေကဲ့သို့ဖြစ်ပါ၏။ကိုယ်တော်လုံးဝသတိမရသောသူ၊ကိုယ်တော် မစရန် မဖြစ်နိုင်သောသူကဲ့သို့ဖြစ်ပါ၏။
6. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အမှောင်ဆုံး၊ အနက်ဆုံးသောတွင်းတည်းဟူသောနက်ရှိုင်းရာသင်္ချိုင်းတွင်းထဲသို့ပစ်ချတော်မူပါပြီ။
7. အမျက်တော်သည်ကျွန်တော်မျိုးအားဖိလျက် ရှိပါ၏။ကျွန်တော်မျိုးသည်အမျက်တော်၏ လှိုင်းတံပိုးအောက်တွင်ပိပြား၍နေပါ၏။
8. ကျွန်တော်မျိုးအားမိတ်ဆွေများစွန့်ပစ်စေတော် မူပါပြီ။ထိုသူတို့၏ရှေ့တွင်ကျွန်တော်မျိုးအား စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ကျွန်တော်မျိုးသည်ပိတ်မိနေသဖြင့် မလွတ်မြောက်နိုင်တော့ပါ။
9. ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင် အားခေါ်ပါ၏။လက်အုပ်ချီ၍ကိုယ်တော်ထံဆုတောင်းပတ္ထနာပြုပါ၏။
10. ကိုယ်တော်ရှင်သည်သူသေတို့အတွက်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူပါသလော။သူတို့သည်သေရာမှထ၍ကိုယ်တော်ရှင်အား ထောမနာပြုပါသလော။