1. ကျွန်တော်မျိုးသည်အင်အားချိနဲ့လျက်ခိုကိုးရာမဲ့ ဖြစ်၍နေပါ၏။ထို့ကြောင့် အို ထာဝရဘုရား၊ကျွန်တော်မျိုးလျှောက်ထားသည်ကိုနားထောင်တော် မူ၍ ဖြေကြားတော်မူပါ။
2. ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာစောင့်သည်ဖြစ်၍ကျွန်တော်မျိုးအားသေဘေးမှကယ်တော်မူပါ။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားကိုး စားသော အစေခံဖြစ်သောကြောင့်ကျွန်တော်မျိုးအားကယ်တော်မူပါ။
3. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ကျွန်တော်မျိုးသည်အထံတော်သို့တစ်နေ့လုံး ဆုတောင်းပတ္ထနာပြုပါ၏။
4. အို ဘုရားရှင်၊ကျွန်တော်မျိုးသည်ကိုယ်တော်၏ထံသို့ဆုတောင်းသည်ဖြစ်၍ကိုယ်တော်ရှင့်အစေ ခံအား ဝမ်းမြောက်စေတော်မူပါ။
5. ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ်ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
6. အို ထာဝရဘုရား၊ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံများကို ကြားတော်မူပါ။
7. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူသည်ဖြစ်၍ဒုက္ခရောက်ချိန်များ၌ကျွန်တော်မျိုးသည် ကိုယ်တော်ကိုခေါ်ပါ၏။
8. အို ဘုရားရှင်၊ ကိုယ်တော်ရှင်ကဲ့သို့သောဘုရားမရှိပါ။ကိုယ်တော်ရှင်ပြုတော်မူသကဲ့သို့ အဘယ်ဘုရားမျှမပြုခဲ့ပါ။
9. ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောလူမျိုးအပေါင်းတို့သည်လာ၍ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်ကြပါလိမ့်မည်။ကိုယ်တော်ရှင်ကြီးမြတ်တော်မူပုံကို ထောမနာပြုကြပါလိမ့်မည်။