ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 81:1-13 Common Language Bible (BCL)

1. ငါ​တို့​ဘက်​မှ​ကာ​ကွယ်​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​ဘု​ရား​သ​ခင်​အားဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လော့။ယာ​ကုပ်​၏​ဘု​ရား​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။

2. သီ​ဆို​တီး​မှုတ်​မှု​ကို​အ​စ​ပြု​ကြ​လော့။ စောင်း ကြီး စောင်း​ငယ်​တို့​ကို​သာ​ယာ​စွာ​တီး​ကြ​လော့။

3. လ​ဆန်း​နေ့​နှင့်​လ​ပြည့်​နေ့​တွင်​ပွဲ​သ​ဘင်ကျင်း​ပ​ရန်​အ​တွက်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ လော့။

4. ဤ​သို့​ပွဲ​သ​ဘင်​ကျင်း​ပ​ရန်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၌​ဥ​ပ​ဒေ​ရှိ​ပေ​သည်။ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​မိန့်​တော်​လည်း​ဖြစ်​ပေ​သည်။

5. ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ကို​တိုက်​ခိုက်​တော် မူ​စဉ်​ကယင်း​အ​မိန့်​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပေး​တော်​မူ​၏။မ​သိ​မ​ကျွမ်း​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။

6. ထို​အ​သံ​က``သင်​တို့​၏​ပ​ခုံး​ထက်​မှ​လေး​လံ သော ဝန်​ထုပ်​ကို​ငါ​ယူ​ပစ်​လျက်သင်​တို့​အုတ်​သယ်​သည့်​ခြင်း​တောင်း​များ​ကို ချ​ထား​စေ​၏။

7. သင်​တို့​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌ ငါ့​ကို​အော်​ဟစ်​သော​အ​ခါငါ​သည်​သင်​တို့​အား​ကယ်​ခဲ့​၏။မိုး​သက်​မုန်​တိုင်း​အ​တွင်း​မ​မြင်​နိုင်​သော​အ​ရပ် မှ​နေ​၍ သင်​တို့​အား​ငါ​ဖြေ​ကြား​ခဲ့​၏။မေ​ရိ​ဘ​စမ်း​ရေ​အ​နီး​တွင်​သင်​တို့​အား​ငါ သွေး​စမ်း​ခဲ့​၏။

8. ငါ​၏​လူ​စု​တော်​တို့၊ငါ​သ​တိ​ပေး​သည်​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ဣသ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်​ငါ့ စ​ကား​ကို နား​ထောင်​ကြ​လော့။

9. သင်​တို့​သည်​အ​ခြား​သော​ဘု​ရား​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ကိုး​ကွယ်​ရ။

10. ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။သင်​တို့​ခံ​တွင်း​ကို​ဖွင့်​ဟ​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကျွေး​မွေး​မည်။

11. သို့​ရာ​တွင်​ငါ​၏​လူ​စု​တော်​ကား​ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အ​မိန့်​ကို မ​နာ​ခံ​ကြ။

12. သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​ခေါင်း​မာ​မြဲ​မာ စေ​ရန်​နှင့်သူ​တို့​အ​လို​အ​တိုင်း​ပြု​ကျင့်​စေ​ရန်​အ​ခွင့်​ပေး​၏။

13. ငါ​၏​လူ​စု​တော်​သည်​ငါ့​စ​ကား​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ငါ့​အ​မိန့်​ကို​နာ​ခံ​စေ​ချင်​စမ်း​ပါ​ဘိ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 81