ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 78:67-72 Common Language Bible (BCL)

67. သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယော​သပ်​၏​သား​မြေး တို့​ကို ပစ်​ပယ်​တော်​မူ​၏။ဧ​ဖ​ရိမ်​အ​မျိုး​အ​နွယ်​ကို​ရွေး​ချယ်​တော်​မ​မူ။

68. သူ​တို့​ကို​ရွေး​ချယ်​မည့်​အ​စား၊ယု​ဒ အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ကိုယ်​တော်​လွန်​စွာ​ချစ်​မြတ်​နိုး​သည့်ဇိ​အုန်​တောင်​တော်​ကို​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​၏။

69. ထို​တောင်​တော်​ပေါ်​တွင်​ကောင်း​ကင်​ဘုံ​ရှိ​အိမ်​တော်​နှင့် တူ​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​တော်​မူ​၏။ထို​ဗိ​မာန်​တော်​ကို​ကမ္ဘာ​မြေ​ကြီး​ကဲ့​သို့ ကာ​လ​ခပ်​သိမ်း​တည်​တံ့​ခိုင်​မြဲ​စေ​တော်​မူ​၏။

70-71. ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ရွေး​ချယ်​တော်​မူ​၏။သိုး​များ​ကို​ထိန်း​ကျောင်း​ရာ​မှ​သူ့​ကို​ခေါ်​ယူ တော်​မူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်၊ဘု​ရား​သ​ခင်​လူ​စု​တော်​ကို​စောင့်​ထိန်း​သော သိုး​ထိန်း​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။

72. ဒါ​ဝိဒ်​မင်း​သည်​သိုး​ထိန်း​အ​ဖြစ်​နှင့်​ထို​သူ​တို့​အား ကိုယ်​ကျိုး​စွန့်​ကာ​စောင့်​ရှောက်​ကြည့်​ရှု​၍လိမ္မာ​ကျွမ်း​ကျင်​စွာ​ရှေ့​ဆောင်​လမ်းပြ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 78