21-22. ထိုသူတို့၏စကားကိုကြားတော်မူသောအခါထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ မိမိလူစုတော်အားမီးဘေးသင့်စေတော်မူ၏။သူတို့သည်ကိုယ်တော်ကိုအားမကိုး။ကိုယ်တော်ကယ်တော်မူမည်ကိုလည်းမယုံ ကြည်ကြ။အမျက်တော်သည်ပိုမိုပြင်းထန်လာ၏။
23. သို့သော်လည်းကိုယ်တော်သည်အထက် ကောင်းကင်အားမိန့်မြွက်တော်မူ၏။ကောင်းကင်တံခါးများအားဖွင့်ရန် အမိန့်ပေးတော်မူ၏။
24. ကိုယ်တော်သည်သူတို့စားရန်မန္နမုန့်မိုးရွာစေ တော်မူ၏။သူတို့စားသုံးရန်ကောင်းကင်မှဆန်စပါးကို ချပေးတော်မူ၏။
25. ထို့ကြောင့်သူတို့သည်ကောင်းကင်တမန်တို့၏ အစားအစာကိုစားကြရ၏။ဘုရားသခင်သည်သူတို့အားအဝကျွေးတော်မူ၏။
26. ထို့အပြင်ကိုယ်တော်သည်အရှေ့လေကိုတိုက်စေပြီးနောက်တန်ခိုးတော်အားဖြင့် တောင်လေကိုလှုပ်ရှားစေတော်မူ၏။
27. ထိုနောက်ပင်လယ်ကမ်းခြေသဲလုံးနှင့်အမျှ များပြားသောငှက်တို့ကိုမိမိ၏လူစုတော်အားချပေးတော်မူ၏။
28. ယင်းငှက်တို့သည်တပ်စခန်းအလယ်တဲရှင်များ ပတ်လည်တွင်ကျကြ၏။
29. သို့ဖြစ်၍လူတို့သည်ကျေနပ်အောင်စားရကြ၏။ဘုရားသခင်သည်လည်းသူတို့စားလိုသော အစားအစာကိုကျွေးတော်မူ၏။
30. သို့ရာတွင်သူတို့သည်ရောင့်ရဲမှုမရနိုင်။
31. ဘုရားသခင်သည်သူတို့အားအမျက်ထွက်တော်မူသဖြင့်အသန်စွမ်းဆုံးလက်ရွေးစင်ဣသရေလလူငယ်လူရွယ် များကို သေဒဏ်သင့်စေတော်မူ၏။
32. ဤအဖြစ်အပျက်အပေါင်းနှင့်တွေ့ကြုံရသော်လည်း လူတို့သည်အပြစ်ကူးမြဲကူးလျက်နေကြ၏။ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြတော်မူသော်လည်း သူတို့သည်ကိုယ်တော်ကိုမကိုးစားကြ။
33. သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားထွက်သက်ဝင်သက်တမျှတစ်ခဏချင်း၌ အသက်ဆုံးရှုံးစေတော်မူ၏။သူတို့၏ဘဝကိုရုတ်တရက်ကျရောက်သည့် ဘေးအန္တရာယ်ကြောင့်နိဂုံးချုပ်စေတော်မူ၏။
34. သို့ရာတွင်ထိုသူအချို့တို့ကိုကိုယ်တော် သေစေတော်မူသော်လည်းကြွင်းကျန်သောသူတို့မူကားအထံတော်သို့ ပြန်လာကြ၏။သူတို့သည်နောင်တရလျက်စိတ်အားထက် သန်စွာ ဆုတောင်းပတ္ထနာပြုကြကုန်၏။
35. ဘုရားသခင်သည်မိမိတို့အား ကွယ်ကာစောင့်ရှောက်တော်မူသောကျောက်တောင်သဖွယ်ဖြစ်ကြောင်းကိုလည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်သည်မိမိတို့အားကူမရန်ကြွလာတော်မူကြောင်း ကိုလည်းကောင်းသူတို့သည်သတိရကြကုန်၏။
36. သို့ရာတွင်သူတို့သည်ကိုယ်တော်အားနှုတ်ဖြင့် မြှောက်ပင့်ပြောဆို၍လျှာဖြင့်လိမ်လည်လျှောက်ထားကြ၏။