17. သို့ရာတွင်သူတို့သည်ဘုရားသခင်အား ပြစ်မှားမြဲပြစ်မှားလျက်အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်ကို သဲကန္တာရတွင်ပုန်ကန်ကြ၏။
18. သူတို့သည်စားလိုသည့်အစားအစာကိုတောင်းဆိုခြင်းအားဖြင့်တမင်သက်သက် ဘုရားသခင်အားသွေးစမ်းကြ၏။
19. ``ဘုရားသခင်သည်တောကန္တာရတွင်ငါတို့အား အစားအစာကိုပေးနိုင်ပါမည်လော။
20. ကျောက်ဆောင်ကိုကိုယ်တော်ရိုက်လိုက်သော အခါအရှိန်ပြင်းသည့်ချောင်းသဖွယ်ရေထွက်လာ သည်မှာ မှန်ပါ၏။သို့ရာတွင်ကိုယ်တော်သည်ငါတို့အားအစားအစာကို ကျွေးနိုင်ပါမည်လော။မိမိ၏လူစုတော်အားအမဲသားကိုပေးနိုင် ပါမည်လော'' ဟုဆို၍ဘုရားသခင်အားမကျေနပ်သည့်စကားကို ပြောဆိုကြ၏။
21-22. ထိုသူတို့၏စကားကိုကြားတော်မူသောအခါထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ မိမိလူစုတော်အားမီးဘေးသင့်စေတော်မူ၏။သူတို့သည်ကိုယ်တော်ကိုအားမကိုး။ကိုယ်တော်ကယ်တော်မူမည်ကိုလည်းမယုံ ကြည်ကြ။အမျက်တော်သည်ပိုမိုပြင်းထန်လာ၏။
23. သို့သော်လည်းကိုယ်တော်သည်အထက် ကောင်းကင်အားမိန့်မြွက်တော်မူ၏။ကောင်းကင်တံခါးများအားဖွင့်ရန် အမိန့်ပေးတော်မူ၏။
24. ကိုယ်တော်သည်သူတို့စားရန်မန္နမုန့်မိုးရွာစေ တော်မူ၏။သူတို့စားသုံးရန်ကောင်းကင်မှဆန်စပါးကို ချပေးတော်မူ၏။
25. ထို့ကြောင့်သူတို့သည်ကောင်းကင်တမန်တို့၏ အစားအစာကိုစားကြရ၏။ဘုရားသခင်သည်သူတို့အားအဝကျွေးတော်မူ၏။
26. ထို့အပြင်ကိုယ်တော်သည်အရှေ့လေကိုတိုက်စေပြီးနောက်တန်ခိုးတော်အားဖြင့် တောင်လေကိုလှုပ်ရှားစေတော်မူ၏။