ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 77:8-20 Common Language Bible (BCL)

8. ကိုယ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မ​မူ​တော့ ပြီ​လော။ က​တိ​တော်​သည်​လည်း​ပျက်​လေ​ပြီ​လော။

9. ဘု​ရား​သ​ခင်​သည်​သ​နား​ကြင်​နာ​ရန် မေ့​လျော့​တော်​မူ​ပြီ​လော။က​ရု​ဏာ​တော်​အ​စား​အ​မျက်​တော်​ကို ပြ​တော်​မူ​ပြီ​လော။''

10. ထို့​နောက်``ဘု​ရား​သ​ခင်​၌​တန်​ခိုး​မ​ရှိ​တော့ သ​ဖြင့်ငါ့​အ​တွက်​အ​နာ​ကြည်း​ဆုံး​ဖြစ်​သည်'' ဟု ငါ​ပြော​ဆို​နေ​မိ​၏။

11. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သောထူး​မြတ်​သည့်​အ​မှု​အ​ရာ​တို့​ကို​အောက်​မေ့ သ​တိ​ရ​ပါ​မည်။အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော အံ့​သြ​ဖွယ်​ရာ​တို့​ကို​ပြန်​လည်​သ​တိ​ရ​ပါ​မည်။

12. ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို စဉ်း​စား​ပါ​မည်။ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။

13. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​တို့​သည် မြင့်​မြတ်​ပါ​၏။ကိုယ်​တော်​ရှင်​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကြီး မြတ်​ပါ။

14. ကိုယ်​တော်​ရှင်​သည်​ထူး​ဆန်း​သောနိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော ဘု​ရား​ဖြစ်​ပါ​၏။ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ဘုန်း​တန်​ခိုး​တော် တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြ​တော်​မူ​ခဲ့​ပါ​၏။

15. ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တည်း​ဟူ​သောယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မျိုး​အ​နွယ်​များ​ကို တန်​ခိုး​တော်​အား​ဖြင့်​ကယ်​တော်​မူ​ပါ​၏။

16. အို ဘု​ရား​သ​ခင်၊ရေ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​မြင်​သော​အ​ခါ ကြောက်​ရွံ့​ကြ​ပါ​၏။ပင်​လယ်​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း တုန်​လှုပ်​ကြ​ပါ​၏။

17. မိုး​တိမ်​တို့​သည်​မိုး​ကို​ရွာ​သွန်း​ပေး​ပါ​၏။ ကောင်း​ကင်​ပြင်​တွင်​မိုး​ကြိုး​ပစ်​လျက်အ​ရပ်​လေး​မျက်​နှာ​တွင်​လျှပ်​စစ်​များ​လက်​ပါ​၏။

18. ကိုယ်​တော်​ရှင်​၏​မိုး​ကြိုး​သံ​သည်​မြည်​ဟည်း ထွက်​ပေါ်​လာ​လျက်လျှပ်​ပန်း​လျှပ်​နွယ်​တို့​သည်​လည်း​ကမ္ဘာ တစ်​ဝန်း​လုံး​ကို​လင်း​စေ​ပါ​၏။မြေ​ကြီး​သည်​ထိတ်​လန့်​တုန်​လှုပ်​ပါ​၏။

19. ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ပြင်​တွင်လျှောက်​သွား​တော်​မူ​၍​နက်​ရှိုင်း​သော သ​မုဒ္ဒ​ရာ​ကို ဖြတ်​ကျော်​တော်​မူ​ပါ​၏။သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​ခြေ​တော်​ရာ​များ ကို​မူ မ​တွေ့​မ​မြင်​နိုင်​ပါ။

20. ကိုယ်​တော်​ရှင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​၏ ကွပ်​ကဲ​မှု​ဖြင့်မိ​မိ​၏​လူ​စု​တော်​အား​သိုး​ထိန်း​သ​ဖွယ် ပို့​ဆောင်​တော်​မူ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 77