ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 77:1-12 Common Language Bible (BCL)

1. ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ကျယ်​စွာ အော်​ဟစ်​၏။ငါ​သည်​ကျယ်​စွာ​အော်​ဟစ်​သ​ဖြင့် ကိုယ်​တော်​ကြား​တော်​မူ​၏။

2. ဒုက္ခ​ရောက်​ချိန်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။တစ်​ည​လုံး​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ သို့​ရာ​တွင်​စိတ်​သက်​သာ​ရာ​မ​ရ​နိုင်​ပါ။

3. ငါ​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ကို​အောက်​မေ့ ဆင်​ခြင်​သော​အ​ခါ​သက်​ပြင်း​ချ​ရ​၏။လေး​နက်​စွာ​တွေး​တော​သော​အ​ခါ​ငါ​သည် စိတ်​ပျက်​အား​ငယ်​ရ​၏။

4. ကိုယ်​တော်​သည်​ငါ့​အား​တစ်​ည​လုံး​အိပ်​ပျော်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ။ငါ​သည်​ပူ​ပင်​သော​က​ရောက်​ရ​လွန်း​သ​ဖြင့် စ​ကား​ပင်​မ​ပြော​နိုင်​ပါ။

5. ငါ​သည်​ကုန်​လွန်​သွား​သည့်​နေ့​ရက်​များ​အ​ကြောင်း ကိုစဉ်း​စား​၍​လွန်​လေ​ပြီး​သည့်​နှစ်​များ​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။

6. တစ်​ည​လုံး​ငါ​သည်​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​စဉ်၊

7. ဤ​သို့​မိ​မိ​ကိုယ်​ကို​မေး​၏။``ဘု​ရား​ရှင်​သည်​ငါ​တို့​ကို​အ​စဉ်​အ​မြဲ စွန့်​ပစ်​တော်​မူ​မည်​လော။ကိုယ်​တော်​သည်​ငါ​တို့​အား​အ​ဘယ်​အ​ခါ​၌​မှ ပြန်​၍​နှစ်​သက်​တော်​မ​မူ​တော့​ပြီ​လော။

8. ကိုယ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မ​မူ​တော့ ပြီ​လော။ က​တိ​တော်​သည်​လည်း​ပျက်​လေ​ပြီ​လော။

9. ဘု​ရား​သ​ခင်​သည်​သ​နား​ကြင်​နာ​ရန် မေ့​လျော့​တော်​မူ​ပြီ​လော။က​ရု​ဏာ​တော်​အ​စား​အ​မျက်​တော်​ကို ပြ​တော်​မူ​ပြီ​လော။''

10. ထို့​နောက်``ဘု​ရား​သ​ခင်​၌​တန်​ခိုး​မ​ရှိ​တော့ သ​ဖြင့်ငါ့​အ​တွက်​အ​နာ​ကြည်း​ဆုံး​ဖြစ်​သည်'' ဟု ငါ​ပြော​ဆို​နေ​မိ​၏။

11. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သောထူး​မြတ်​သည့်​အ​မှု​အ​ရာ​တို့​ကို​အောက်​မေ့ သ​တိ​ရ​ပါ​မည်။အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော အံ့​သြ​ဖွယ်​ရာ​တို့​ကို​ပြန်​လည်​သ​တိ​ရ​ပါ​မည်။

12. ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို စဉ်း​စား​ပါ​မည်။ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 77