ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 75:4-10 Common Language Bible (BCL)

4. ငါ​ဤ​သို့​အ​မိန့်​ရှိ​၏။ သူ​ယုတ်​မာ​တို့​အား​မ​ကြွား​မ​ဝါ​ကြ​နှင့်။

5. မာန်​မာ​န​မ​ထောင်​လွှား​ကြ​နှင့်။

6. တ​ရား​စီ​ရင်​သော​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မ​ဟုတ် အ​နောက်​အ​ရပ်​မှ​သော်​လည်း​ကောင်း၊တောင်​အ​ရပ်​သို့​မ​ဟုတ်​မြောက်​အ​ရပ်​မှ သော်​လည်း​ကောင်း​ပေါ်​ထွက်​လာ​သည်​မ​ဟုတ်။

7. တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပင်ဖြစ်​ပေ​သည်။ကိုယ်​တော်​သည်​အ​ချို့​သော​သူ​တို့​ကို​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်အ​ချို့​တို့​ကို​လွတ်​ငြိမ်း​ချမ်း​သာ​စေ​တော်​မူ​၏။

8. ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​တည်း​ဟူ​သော အ​လွန်​ပြင်း​သည့်​စ​ပျစ်​ရည်​ထည့်​ထား​သောခွက်​ဖ​လား​ကို​လက်​တော်​တွင်​ကိုင်​ထား​တော်​မူ​၏။ထို​စ​ပျစ်​ရည်​ကို​ကိုယ်​တော်​လောင်း​ချ တော်​မူ​သော​အ​ခါသူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​သောက်​ကြ​ကုန်​၏။သူ​တို့​သည်​တစ်​စက်​မျှ​မ​ကျန်​အောင်​သောက် ကြ​ကုန်​၏။

9. သို့​ရာ​တွင်​ငါ​မူ​ကား​ယာ​ကုပ်​၏ဘု​ရား​အ​ကြောင်း​တော်​ကို​အ​စဉ်​မ​ပြတ် ပြော​ကြား​ပါ​မည်။ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​မည်။

10. ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​၏​တန်​ခိုး အာ​ဏာ​ကို ချိုး​နှိမ်​တော်​မူ​မည်။သူ​တော်​ကောင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​မူ​ကား တိုး​တက်​စေ​တော်​မူ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 75