ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 75:1-7 Common Language Bible (BCL)

1. ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​၏။အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​တော်​မူ သည်​ကို​ထုတ်​ဖော်​ကြေ​ညာ​၍ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​ကြောင်း ကို ပြော​ကြား​ကြ​ပါ​၏။

2. ဘု​ရား​သ​ခင်​က``တ​ရား​စီ​ရင်​မည့်​အ​ချိန်​ကို ငါ​သတ်​မှတ်​ထား​လေ​ပြီ။ငါ​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​မည်။

3. ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ​သက်​ရှိ​သတ္တဝါ အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ​စေ​ကာ​မူငါ​သည်​ကမ္ဘာ​မြေ​ကြီး​၏​အ​ခြေ​ခံ​အုတ်​မြစ်​တို့​ကို တည်​တံ့​ခိုင်​မြဲ​စေ​မည်။

4. ငါ​ဤ​သို့​အ​မိန့်​ရှိ​၏။ သူ​ယုတ်​မာ​တို့​အား​မ​ကြွား​မ​ဝါ​ကြ​နှင့်။

5. မာန်​မာ​န​မ​ထောင်​လွှား​ကြ​နှင့်။

6. တ​ရား​စီ​ရင်​သော​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မ​ဟုတ် အ​နောက်​အ​ရပ်​မှ​သော်​လည်း​ကောင်း၊တောင်​အ​ရပ်​သို့​မ​ဟုတ်​မြောက်​အ​ရပ်​မှ သော်​လည်း​ကောင်း​ပေါ်​ထွက်​လာ​သည်​မ​ဟုတ်။

7. တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပင်ဖြစ်​ပေ​သည်။ကိုယ်​တော်​သည်​အ​ချို့​သော​သူ​တို့​ကို​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်အ​ချို့​တို့​ကို​လွတ်​ငြိမ်း​ချမ်း​သာ​စေ​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 75