ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 74:4-14 Common Language Bible (BCL)

4. ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ဗိ​မာန်​တော်​ထဲ​၌ အောင်​သံ​ကြွေး​ကြော်​ကြ​ပါ​ပြီ။ဗိ​မာန်​တော်​တွင်​အောင်​လံ​များ​ကို​စိုက်​ထူ​ကြ ပါ​ပြီ။

5. သစ်​ခုတ်​သ​မား​များ​သည်​ပု​ဆိန်​ဖြင့်​သစ်​ပင်​များ​ကို ခုတ်​လှဲ​သ​ကဲ့​သို့

6. သူ​တို့​သည်​ဗိ​မာန်​တော်​သစ်​သား​ပန်း​ပု​လက်​ရာ များ​ကို ပု​ဆိန်​တင်း​ပုတ်​များ​ဖြင့်​ရိုက်​ချိုး​ပစ်​ကြ​ပါ​၏။

7. သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို မီး​ရှို့​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ကို ဖြို​ဖျက်​၍​ညစ်​ညမ်း​စေ​ကြ​ပါ​၏။

8. သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​နာ​လန်​မ​ထူ​နိုင်​အောင် ချေ​မှုန်း​လို​ကြ​ပါ​၏။တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တို့​ကို​မီး​ရှို့​ပစ်​ကြ​ပါ​၏။

9. ကျွန်​တော်​မျိုး​တို့​၏​ဘာ​သာ​တ​ရား​ဆိုင်​ရာ အ​မှတ်​အ​သား​များ​အား​လုံး​ပင်​မ​ရှိ​တော့​ပါ။ပ​ရော​ဖက်​များ​လည်း​မ​ရှိ​တော့​ပါ။အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​နေ​မည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ပါ။

10. အို ဘု​ရား​သ​ခင်၊ ရန်​သူ​များ​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင်ကိုယ်​တော်​ရှင်​အား​ပြောင်​လှောင်​လျက် နေ​ကြ​ပါ​မည်​နည်း။သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို အ​စဉ်​အ​မြဲ စော်​ကား​ကြ​ပါ​မည်​လော။

11. အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​ရန် ငြင်း​ဆန်​တော်​မူ​ပါ​သ​နည်း။အ​ဘယ်​ကြောင့်​လက်​ပိုက်​၍​နေ​တော်​မူ​ပါ သ​နည်း။

12. သို့​သော် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​အ​စ​မူ​လ​က​တည်း​က​ပင်​လျှင် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ကို အ​ကြိမ်​ပေါင်း​များ​စွာ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။

13. ကိုယ်​တော်​ရှင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ပင်​လယ်​ကို​နှစ်​ခြမ်း​ကွဲ​စေ​၍ရေ​သူ​ရဲ​တို့​၏​ဦး​ခေါင်း​များ​ကို​ခွဲ​တော်​မူ ပါ​၏။

14. ကိုယ်​တော်​ရှင်​သည်​ရေ​န​ဂါး​ကြီး​လေ​ဝိ​သန် ၏ ဦး​ခေါင်း​များ​ကို​ချေ​မှုန်း​တော်​မူ​၍အ​သေ​ကောင်​ကို​တော​ကန္တာ​ရ​ရှိ​သား​ရဲ တိ​ရစ္ဆာန်​တို့​အား​စား​ရန်​ပေး​အပ်​တော်​မူ ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 74