ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 74:20-23 Common Language Bible (BCL)

20. ကျွန်​တော်​မျိုး​တို့​နှင့်​ကိုယ်​တော်​ရှင်​ပြု​ထား​သည့် ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။တိုင်း​ပြည်​ရှိ​မှောင်​ကျ​ရာ​အ​ရပ်​တိုင်း​တွင် အ​ကြမ်း​ဖက်​မှု​ရှိ​ပါ​၏။

21. ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​အား​အ​ရှက်​ကွဲစေ​တော်​မ​မူ​ပါ​နှင့်။ယင်း​ဆင်း​ရဲ​သူ​များ​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။

22. အို ဘု​ရား​သ​ခင်၊ထ​တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​အာ​ဏာ​ကို တည်​စေ​တော်​မူ​ပါ။ဘု​ရား​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​တစ်​နေ့​လုံး ပြက်​ရယ်​ပြု​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။

23. ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​အ​မျက်​ထွက်​၍​ဟစ် အော်​သံ၊ကိုယ်​တော်​ရှင်​အား​ရန်​ဘက်​ပြု​သူ​တို့​၏​အ​စဉ်​မ​ပြတ် အော်​သံ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 74