ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 74:15-23 Common Language Bible (BCL)

15. ကိုယ်​တော်​ရှင်​သည်​ချောင်း​ရေ​နှင့်​စမ်း​ရေ​ကို ပေါက်​စေ​တော်​မူ​၍မြစ်​ကြီး​များ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ပါ​၏။

16. နေ့​နှင့်​ည​ကို​ဖန်​ဆင်း​တော်​မူ​၍​နေ​နှင့်​လ​ကို နေ​ရာ​ချ​တော်​မူ​ပါ​၏။

17. ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​၏​နယ် နိ​မိတ်​ကိုသတ်​မှတ်​တော်​မူ​၍​နွေ​ဥ​တု​နှင့်​ဆောင်း​ဥ​တု​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။

18. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ကိုယ်​တော်​ရှင် အား ပြက်​ရယ်​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊သူ​တို့​သည်​ဘု​ရား​မဲ့​၍​ကိုယ်​တော်​ရှင်​အား မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​ပါ။

19. ကိုယ်​တော်​ရှင်​၏​ခို​ကိုး​ရာ​မဲ့​သည့်​လူ​စု​တော်​အားရက်​စက်​ကြမ်း​ကြုတ်​သော​ရန်​သူ​များ​၏ လက်​တွင် စွန့်​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​နေ​ရ​သော​ကိုယ်​တော် ရှင်​၏ လူ​စု​တော်​အား​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။

20. ကျွန်​တော်​မျိုး​တို့​နှင့်​ကိုယ်​တော်​ရှင်​ပြု​ထား​သည့် ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။တိုင်း​ပြည်​ရှိ​မှောင်​ကျ​ရာ​အ​ရပ်​တိုင်း​တွင် အ​ကြမ်း​ဖက်​မှု​ရှိ​ပါ​၏။

21. ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​အား​အ​ရှက်​ကွဲစေ​တော်​မ​မူ​ပါ​နှင့်။ယင်း​ဆင်း​ရဲ​သူ​များ​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။

22. အို ဘု​ရား​သ​ခင်၊ထ​တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​အာ​ဏာ​ကို တည်​စေ​တော်​မူ​ပါ။ဘု​ရား​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​တစ်​နေ့​လုံး ပြက်​ရယ်​ပြု​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။

23. ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​အ​မျက်​ထွက်​၍​ဟစ် အော်​သံ၊ကိုယ်​တော်​ရှင်​အား​ရန်​ဘက်​ပြု​သူ​တို့​၏​အ​စဉ်​မ​ပြတ် အော်​သံ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 74