ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 74:12-18 Common Language Bible (BCL)

12. သို့​သော် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​အ​စ​မူ​လ​က​တည်း​က​ပင်​လျှင် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ကို အ​ကြိမ်​ပေါင်း​များ​စွာ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။

13. ကိုယ်​တော်​ရှင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ပင်​လယ်​ကို​နှစ်​ခြမ်း​ကွဲ​စေ​၍ရေ​သူ​ရဲ​တို့​၏​ဦး​ခေါင်း​များ​ကို​ခွဲ​တော်​မူ ပါ​၏။

14. ကိုယ်​တော်​ရှင်​သည်​ရေ​န​ဂါး​ကြီး​လေ​ဝိ​သန် ၏ ဦး​ခေါင်း​များ​ကို​ချေ​မှုန်း​တော်​မူ​၍အ​သေ​ကောင်​ကို​တော​ကန္တာ​ရ​ရှိ​သား​ရဲ တိ​ရစ္ဆာန်​တို့​အား​စား​ရန်​ပေး​အပ်​တော်​မူ ပါ​၏။

15. ကိုယ်​တော်​ရှင်​သည်​ချောင်း​ရေ​နှင့်​စမ်း​ရေ​ကို ပေါက်​စေ​တော်​မူ​၍မြစ်​ကြီး​များ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ပါ​၏။

16. နေ့​နှင့်​ည​ကို​ဖန်​ဆင်း​တော်​မူ​၍​နေ​နှင့်​လ​ကို နေ​ရာ​ချ​တော်​မူ​ပါ​၏။

17. ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​၏​နယ် နိ​မိတ်​ကိုသတ်​မှတ်​တော်​မူ​၍​နွေ​ဥ​တု​နှင့်​ဆောင်း​ဥ​တု​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။

18. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ကိုယ်​တော်​ရှင် အား ပြက်​ရယ်​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊သူ​တို့​သည်​ဘု​ရား​မဲ့​၍​ကိုယ်​တော်​ရှင်​အား မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​ပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 74