ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 74:1-12 Common Language Bible (BCL)

1. အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်ကျွန်​တော်​မျိုး​တို့​အား​ဤ​သို့​စွန့်​ပစ်​၍ ထား​တော်​မူ​ပါ​သ​နည်း။ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​စဉ်​အ​မြဲ အ​မျက်​ထွက်​၍​နေ​တော်​မူ​ပါ​မည်​လော။

2. ရှေး​အ​ခါ​က​ရွေး​ကောက်​တော်​မူ​ခဲ့​သည့် လူ​စု​တော်၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်ကျွန်​ဘ​ဝ​မှ​ရွေး​နုတ်​ဝယ်​ယူ​တော်​မူ​ခဲ့​သည့် လူ​စု​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ယ​ခင်​က​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ခဲ့​ရာ ဇိ​အုန်​တောင်​ကို​သ​တိ​ရ​တော်​မူ​ပါ။

3. ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်ဗိ​မာန်​တော်​အ​တွင်း​မှ​ရှိ​သ​မျှ​သော​အ​ရာ တို့​ကို ဖျက်​ဆီး​ပစ်​ကြ​ပါ​ပြီ။ကိုယ်​တော်​ရှင်​သည်​ကြွ​လာ​တော်​မူ​၍​လုံး​ဝ ပျက်​စီး​နေ​သည့်​အ​ရာ​များ​ကို​ကြည့်​ရှု​တော် မူ​ပါ။

4. ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ဗိ​မာန်​တော်​ထဲ​၌ အောင်​သံ​ကြွေး​ကြော်​ကြ​ပါ​ပြီ။ဗိ​မာန်​တော်​တွင်​အောင်​လံ​များ​ကို​စိုက်​ထူ​ကြ ပါ​ပြီ။

5. သစ်​ခုတ်​သ​မား​များ​သည်​ပု​ဆိန်​ဖြင့်​သစ်​ပင်​များ​ကို ခုတ်​လှဲ​သ​ကဲ့​သို့

6. သူ​တို့​သည်​ဗိ​မာန်​တော်​သစ်​သား​ပန်း​ပု​လက်​ရာ များ​ကို ပု​ဆိန်​တင်း​ပုတ်​များ​ဖြင့်​ရိုက်​ချိုး​ပစ်​ကြ​ပါ​၏။

7. သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို မီး​ရှို့​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ကို ဖြို​ဖျက်​၍​ညစ်​ညမ်း​စေ​ကြ​ပါ​၏။

8. သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​နာ​လန်​မ​ထူ​နိုင်​အောင် ချေ​မှုန်း​လို​ကြ​ပါ​၏။တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တို့​ကို​မီး​ရှို့​ပစ်​ကြ​ပါ​၏။

9. ကျွန်​တော်​မျိုး​တို့​၏​ဘာ​သာ​တ​ရား​ဆိုင်​ရာ အ​မှတ်​အ​သား​များ​အား​လုံး​ပင်​မ​ရှိ​တော့​ပါ။ပ​ရော​ဖက်​များ​လည်း​မ​ရှိ​တော့​ပါ။အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​နေ​မည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ပါ။

10. အို ဘု​ရား​သ​ခင်၊ ရန်​သူ​များ​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင်ကိုယ်​တော်​ရှင်​အား​ပြောင်​လှောင်​လျက် နေ​ကြ​ပါ​မည်​နည်း။သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို အ​စဉ်​အ​မြဲ စော်​ကား​ကြ​ပါ​မည်​လော။

11. အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​ရန် ငြင်း​ဆန်​တော်​မူ​ပါ​သ​နည်း။အ​ဘယ်​ကြောင့်​လက်​ပိုက်​၍​နေ​တော်​မူ​ပါ သ​နည်း။

12. သို့​သော် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​အ​စ​မူ​လ​က​တည်း​က​ပင်​လျှင် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ကို အ​ကြိမ်​ပေါင်း​များ​စွာ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 74