ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 73:4-19 Common Language Bible (BCL)

4. ထို​သူ​တို့​သည်​ဝေ​ဒ​နာ​မ​ခံ​စား​ရ​ကြ။ ကျန်း​မာ​သန်​စွမ်း​သူ​များ​ဖြစ်​ကြ​၏။

5. သူ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့​ဝေ​ဒ​နာ မ​ခံ​ရ​ကြ။ အ​ခြား​သူ​များ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ရ​ကြ။

6. သို့​ဖြစ်​၍​သူ​တို့​သည်​မာန်​မာ​န​ကို​လည်​ဆွဲ တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း၊အ​ကြမ်း​ဖက်​မှု​ကို​ဝတ်​လုံ​ကဲ့​သို့​လည်း ကောင်း ဝတ်​ဆင်​ကြ​၏။

7. သူ​တို့​၏​စိတ်​နှ​လုံး​မှ​မ​ကောင်း​မှု​များ​ကို ထုတ်​ဖော်​၍သူ​တို့​၏​စိတ်​သည်​ယုတ်​မာ​သည့်​အ​ကြံ​အ​စည် များ​ကို​တွေး​တော​လျက်​နေ​ကြ​၏။

8. သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ပြက်​ရယ် ပြု​ကာ ညစ်​ညမ်း​သည့်​အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။မောက်​မာ​လျက်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှဉ်း​ဆဲ​ရန်​ကြံ​စည်​ကြ​၏။

9. သူ​တို့​သည်​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ဘု​ရား သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို​လျက်၊ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​အား​မောက်​မာ​စွာ​အ​မိန့်​ပေး ကြ​၏။

10. ထို​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ပင်​လျှင်သူ​တို့​ဘက်​သို့​ပါ​လျက်​သူ​တို့​ပြော​သ​မျှ​သော စ​ကား​ကို​ယုံ​ကြ​လေ​သည်။

11. သူ​တို့​က``ဘု​ရား​သ​ခင်​သည်​သိ​တော်​မူ​လိမ့်​မည် မ​ဟုတ်။အ​မြင့်​မြတ်​ဆုံး​အ​ရှင်​သည်​တွေ့​မြင်​တော်​မူ လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​တတ်​ကြ​၏။

12. ဤ​ကား​သူ​ယုတ်​မာ​တို့​ပြု​ကြ​ပုံ​ပင်​ဖြစ်​ပေ​သည်။သို့​သော်​သူ​တို့​သည်​ကောင်း​စား​၍​အ​စဉ်​ပင် စည်း​စိမ်​ချမ်း​သာ​တိုး​လျက်​နေ​ကြ​၏။

13. သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​စိတ်​နှ​လုံး​ကိုဖြူ​စင်​သန့်​ရှင်း​စေ​လျက်​အ​ပြစ်​မ​ပြု​ဘဲ​နေ သည်​မှာ အ​ချည်း​နှီး​ပေ​လော။

14. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​တစ်​နေ့​လုံး ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​နံ​နက်​တိုင်း ဒဏ်​ခတ်​တော်​မူ​ပါ​ပြီ။

15. ကျွန်​တော်​မျိုး​သည်​ဤ​နည်း​အ​တိုင်း​ပြော​ဆို ခဲ့​လျှင်ကိုယ်​တော်​၏​လူ​စု​တော်​ကို​ကိုယ်​စား​ပြု​၍ ပြော​ဆို​သည်​မ​ဟုတ်​ပါ။

16. သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဤ​အ​ခြင်း​အ​ရာ​ကို သိ​ရှိ​နား​လည်​ရန်​ကြိုး​စား​၍​စဉ်း​စား​ဆင်​ခြင် ပါ​၏။သို့​ရာ​တွင်​ယင်း​ကို​နား​လည်​နိုင်​ရန်​လွန်​စွာ ခက်​ခဲ​ပါ​၏။

17. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​ဗိ​မာန်​တော် ထဲ​သို့ ရောက်​ရှိ​သည့်​အ​ခါ​ကျ​မှ​သာ​လျှင်သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​နိ​ဂုံး​ချုပ်​ရ​ကြ မည်​ကို သိ​ရှိ​နား​လည်​လာ​ပါ​၏။

18. ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ခြေ​ချော်​တတ်​သည့်နေ​ရာ​များ​တွင်​ခြေ​ချော်​စေ​တော်​မူ​၍ ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​ပါ​မည်။

19. သူ​တို့​သည်​ချက်​ချင်း​ပင်​သေ​ကြေ​ပျက်​စီး ကြ​ပါ​၏။သူ​တို့​၏​နောက်​ဆုံး​ဖြစ်​အင်​သည်​ကြောက်​မက်​ဖွယ် ကောင်း​လှ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 73