အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 73 Common Language Bible (BCL)

အ​တွဲ ၃

ဘု​ရား​သ​ခင်​၏​တ​ရား​မျှ​တ​မှုအာ​သပ်​စပ်​ဆို​သည်။

1. ဘု​ရား​သ​ခင်​သည်​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း သူ​များဖြစ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​မှန်​ပင် ကျေး​ဇူး​ပြု​တော်​မူ​၏။

2-3. သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​ကောင်း​စား​သည်​ကို မြင်​ရ​သော​အ​ခါမောက်​မာ​သူ​တို့​ကို​မ​ရှု​လို​စိတ်​ရှိ​သ​ဖြင့်​ငါ သည် ခ​လုတ်​တိုက်​၍​လဲ​လု​ပါ​ပြီ။ငါ​၏​ခြေ​တို့​သည်​လည်း​တိမ်း​ချော်​လု​ပြီ။

4. ထို​သူ​တို့​သည်​ဝေ​ဒ​နာ​မ​ခံ​စား​ရ​ကြ။ ကျန်း​မာ​သန်​စွမ်း​သူ​များ​ဖြစ်​ကြ​၏။

5. သူ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့​ဝေ​ဒ​နာ မ​ခံ​ရ​ကြ။ အ​ခြား​သူ​များ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ရ​ကြ။

6. သို့​ဖြစ်​၍​သူ​တို့​သည်​မာန်​မာ​န​ကို​လည်​ဆွဲ တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း၊အ​ကြမ်း​ဖက်​မှု​ကို​ဝတ်​လုံ​ကဲ့​သို့​လည်း ကောင်း ဝတ်​ဆင်​ကြ​၏။

7. သူ​တို့​၏​စိတ်​နှ​လုံး​မှ​မ​ကောင်း​မှု​များ​ကို ထုတ်​ဖော်​၍သူ​တို့​၏​စိတ်​သည်​ယုတ်​မာ​သည့်​အ​ကြံ​အ​စည် များ​ကို​တွေး​တော​လျက်​နေ​ကြ​၏။

8. သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ပြက်​ရယ် ပြု​ကာ ညစ်​ညမ်း​သည့်​အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။မောက်​မာ​လျက်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှဉ်း​ဆဲ​ရန်​ကြံ​စည်​ကြ​၏။

9. သူ​တို့​သည်​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ဘု​ရား သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို​လျက်၊ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​အား​မောက်​မာ​စွာ​အ​မိန့်​ပေး ကြ​၏။

10. ထို​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ပင်​လျှင်သူ​တို့​ဘက်​သို့​ပါ​လျက်​သူ​တို့​ပြော​သ​မျှ​သော စ​ကား​ကို​ယုံ​ကြ​လေ​သည်။

11. သူ​တို့​က``ဘု​ရား​သ​ခင်​သည်​သိ​တော်​မူ​လိမ့်​မည် မ​ဟုတ်။အ​မြင့်​မြတ်​ဆုံး​အ​ရှင်​သည်​တွေ့​မြင်​တော်​မူ လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​တတ်​ကြ​၏။

12. ဤ​ကား​သူ​ယုတ်​မာ​တို့​ပြု​ကြ​ပုံ​ပင်​ဖြစ်​ပေ​သည်။သို့​သော်​သူ​တို့​သည်​ကောင်း​စား​၍​အ​စဉ်​ပင် စည်း​စိမ်​ချမ်း​သာ​တိုး​လျက်​နေ​ကြ​၏။

13. သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​စိတ်​နှ​လုံး​ကိုဖြူ​စင်​သန့်​ရှင်း​စေ​လျက်​အ​ပြစ်​မ​ပြု​ဘဲ​နေ သည်​မှာ အ​ချည်း​နှီး​ပေ​လော။

14. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​တစ်​နေ့​လုံး ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​နံ​နက်​တိုင်း ဒဏ်​ခတ်​တော်​မူ​ပါ​ပြီ။

15. ကျွန်​တော်​မျိုး​သည်​ဤ​နည်း​အ​တိုင်း​ပြော​ဆို ခဲ့​လျှင်ကိုယ်​တော်​၏​လူ​စု​တော်​ကို​ကိုယ်​စား​ပြု​၍ ပြော​ဆို​သည်​မ​ဟုတ်​ပါ။

16. သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဤ​အ​ခြင်း​အ​ရာ​ကို သိ​ရှိ​နား​လည်​ရန်​ကြိုး​စား​၍​စဉ်း​စား​ဆင်​ခြင် ပါ​၏။သို့​ရာ​တွင်​ယင်း​ကို​နား​လည်​နိုင်​ရန်​လွန်​စွာ ခက်​ခဲ​ပါ​၏။

17. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​ဗိ​မာန်​တော် ထဲ​သို့ ရောက်​ရှိ​သည့်​အ​ခါ​ကျ​မှ​သာ​လျှင်သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​နိ​ဂုံး​ချုပ်​ရ​ကြ မည်​ကို သိ​ရှိ​နား​လည်​လာ​ပါ​၏။

18. ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ခြေ​ချော်​တတ်​သည့်နေ​ရာ​များ​တွင်​ခြေ​ချော်​စေ​တော်​မူ​၍ ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​ပါ​မည်။

19. သူ​တို့​သည်​ချက်​ချင်း​ပင်​သေ​ကြေ​ပျက်​စီး ကြ​ပါ​၏။သူ​တို့​၏​နောက်​ဆုံး​ဖြစ်​အင်​သည်​ကြောက်​မက်​ဖွယ် ကောင်း​လှ​ပါ​၏။

20. အို ထာ​ဝ​ရ​ဘု​ရား၊သူ​တို့​သည်​နံ​နက်​ချိန်​၌​ပျောက်​ကွယ် သွား​သည့် အိပ်​မက်​နှင့်​တူ​ပါ​၏။ကိုယ်​တော်​ရှင်​နိုး​ထ​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ပျောက်​ကွယ်​သွား​ကြ​ပါ​၏။

21. ကျွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​၍ စိတ်​နာ​ကြည်း​သော​အ​ခါ

22. တိရစ္ဆာန်​ကဲ့​သို့​မိုက်​မဲ​သ​ဖြင့်​ကိုယ်​တော်​ရှင်​၏ ရှေ့​တော်​၌​အ​သိ​ပညာ​မ​ရှိ​ပါ။

23. သို့​သော်​လည်း​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော် ရှင်​၏ ထံ​တော်​ပါး​တွင်​အ​စဉ်​အ​မြဲ​နေ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ လက်​ကို​ဆွဲ​ကိုင်​ထား​တော်​မူ​ပါ​၏။

24. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကြံ​ပေး​၍လမ်း​ပြ​တော်​မူ​ပြီး​လျှင်​နောက်​ဆုံး​၌ကျွန်​တော်​မျိုး​အား​ချီး​မြှင့်​ရန်​လက်​ခံ​တော်​မူ လိမ့်​မည်။

25. ကျွန်​တော်​မျိုး​မှာ​ကိုယ်​တော်​ရှင်​မှ​လွဲ​၍ ကောင်း​ကင်​ဘုံ​တွင်​အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​ရှိ​တော်​မူ​လျှင်ကမ္ဘာ​မြေ​ပေါ်​၌​အ​ဘယ်​အ​ရာ​ကို​လို​ပါ​တော့ မည်​နည်း။

26. ကျွန်​တော်​မျိုး​၏​ကိုယ်​စိတ်​သည်​အင်​အား ချိ​နဲ့​လာ​ပါ​လိမ့်​မည်။သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ စွမ်း​အား​ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​မှ​တစ်​ပါး မည်​သူ့​ကို​မျှ​မ​လို​ပါ။

27. ကိုယ်​တော်​ရှင်​အား​စွန့်​ပစ်​ကြ​သူ​တို့​သည် အ​ကယ်​စင်​စစ် သေ​ကျေ​ပျက်​စီး​ရ​ကြ​ပါ​လိမ့်​မည်။ကိုယ်​တော်​ရှင်​အား​သစ္စာ​ဖောက်​သူ​တို့​ကိုကိုယ်​တော်​ရှင်​သည်​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။

28. သို့​သော်​လည်း​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ဘု​ရား​သ​ခင်​၏ အ​ပါး​တော်​တွင်​နေ​ရ​ခြင်း၊အ​ရှင်​ဘု​ရား​၏​ထံ​တော်​၌​ခို​လှုံ​ရ​ခြင်း​နှင့် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​ပေါင်း​ကိုထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​တို့​သည်​လွန်​စွာ​မြတ် နိုး​ဖွယ် ဖြစ်​ပါ​သည်​တ​ကား။