ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 71:2-15 Common Language Bible (BCL)

2. ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သည် နှင့်​အ​ညီ၊ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကယ်​ဆယ်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​နား​ညောင်း ၍ ကယ်​တော်​မူ​ပါ။

3. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ကျောက်​တောင်​ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​ရန်​အ​တွက်​ခိုင်​ခံ့ သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​သော၊ကျွန်​တော်​မျိုး​ကို​ကာ​ကွယ်​သော​အ​ရှင် ဖြစ်​တော်​မူ​ပါ​၏။

4. ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား သူ​ယုတ်​မာ​တို့​၏​ဘေး​မှ​ကယ်​တော်​မူ​ပါ။ရက်​စက်​ဆိုး​ညစ်​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။

5. အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး ပါ​၏။ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​ကိုယ်​တော်​ရှင်​အား ကိုး​စား​ခဲ့​ပါ​၏။

6. ကျွန်​တော်​မျိုး​သည်​တစ်​သက်​လုံး​ကိုယ်​တော်​ရှင် ကို မှီ​ခို​ခဲ့​ပါ​၏။ကျွန်​တော်​မျိုး​မွေး​ဖွား​ချိန်​မှ​စ​၍ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ခဲ့​ပါ​ပြီ။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​အ​စဉ် မ​ပြတ် ထော​မ​နာ​ပြု​ပါ​မည်။

7. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​တွက် ခိုင်​ခံ့​သည့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​သ​ဖြင့်ကျွန်​တော်​မျိုး​သည်​လူ​တို့​ရှေ့​တွင်​စံ​န​မူ​နာ ဖြစ်​ပါ​၏။

8. တစ်​နေ့​လုံး​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​၍ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​၏။

9. ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အို​မင်း​သော ကြောင့်ကျွန်​တော်​မျိုး​အား​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။ယ​ခု​အ​ခါ​မ​စွမ်း​မ​သန်​သော​ကြောင့် ကျွန်​တော်​မျိုး​အား​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

10. ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ကျွန်​တော် မျိုး​အား သတ်​လို​ကြ​သ​ဖြင့်​ဆွေး​နွေး​ကြံ​စည်​ကြ ပါ​၏။

11. ``သူ​၏​ဘု​ရား​သည်​သူ့​ကို​စွန့်​ပစ်​လေ​ပြီ။သူ့​အား​ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​သ​ဖြင့်သူ့​ကို​လိုက်​ဖမ်း​ကြ​ကုန်​အံ့'' ဟု​သူ​တို့​ဆို ကြ​ပါ​၏။

12. အို ဘု​ရား​သ​ခင်၊ ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး အား ကူ​မ​ရန်​အ​လျင်​အ​မြန်​ကြွ​တော်​မူ​ပါ။

13. ကျွန်​တော်​မျိုး​ကို​တိုက်​ခိုက်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​ပျက်​စီး​ဆုံး​ပါး​ကြ​ပါ​စေ​သော။ကျွန်​တော်​မျိုး​ထိ​ခိုက်​ဒဏ်​ရာ​ရ​အောင် ကြိုး​စား​ကြ​သူ​တို့​သည်အ​ရှက်​ကွဲ​၍​အ​သ​ရေ​ပျက်​ကြ​ပါ​စေ​သော။

14. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​ပင် စောင့်​မျှော်​ပါ​မည်။ကိုယ်​တော်​ရှင်​အား​အ​ဖန်​ဖန်​အ​ခါ​ခါ ထော​မ​နာ​ပြု​ပါ​မည်။

15. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်ကောင်း​မြတ်​တော်​မူ​ပုံ​ကို​ပြော​ကြား​ပါ​မည်။ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည်ကျွန်​တော်​မျိုး​နား​လည်​နိုင်​သည်​ထက်​ပို​၍ နက်​နဲ​ပါ​၏။သို့​ရာ​တွင်​ထို​ကျေး​ဇူး​တော်​အ​ကြောင်း​ကို ကျွန်​တော်​မျိုး​သည်​တစ်​နေ့​လုံး​ပြော ကြား​ပါ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 71