13. ကျွန်တော်မျိုးကိုတိုက်ခိုက်ကြသူတို့သည် အရေးရှုံးနိမ့်၍ပျက်စီးဆုံးပါးကြပါစေသော။ကျွန်တော်မျိုးထိခိုက်ဒဏ်ရာရအောင် ကြိုးစားကြသူတို့သည်အရှက်ကွဲ၍အသရေပျက်ကြပါစေသော။
14. ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားအစဉ်ပင် စောင့်မျှော်ပါမည်။ကိုယ်တော်ရှင်အားအဖန်ဖန်အခါခါ ထောမနာပြုပါမည်။
15. ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကောင်းမြတ်တော်မူပုံကိုပြောကြားပါမည်။ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးသည်ကျွန်တော်မျိုးနားလည်နိုင်သည်ထက်ပို၍ နက်နဲပါ၏။သို့ရာတွင်ထိုကျေးဇူးတော်အကြောင်းကို ကျွန်တော်မျိုးသည်တစ်နေ့လုံးပြော ကြားပါမည်။
16. အရှင်ထာဝရဘုရား၏တန်ခိုးတော်ကို အမှီပြု၍ ကျွန်တော်မျိုးသွားလာပါမည်။ကိုယ်တော်ရှင်၊ကိုယ်တော်ရှင်သာလျှင် ကောင်းမြတ်တော်မူကြောင်းကိုကျွန်တော်မျိုးထုတ်ဖော်ကြေညာပါမည်။
17. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားငယ် ရွယ်စဉ် အခါမှစ၍သွန်သင်တော်မူခဲ့သည်ဖြစ်ရာ၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော် မူသောအံ့သြဖွယ်ရာအမှုတို့ကိုယနေ့တိုင်အောင် ပြောကြားလျက်ရှိပါ၏။
18. ယခုအခါ၌ကျွန်တော်မျိုးသည်အသက် ကြီး၍ ဆံပင်ဖြူလျက်နေပါပြီ။အို ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ကျွန်တော်မျိုးသည်နောင်လာလတ္တံ့သော သားစဉ်မြေးဆက်အပေါင်းတို့အားကိုယ်တော်ရှင်၏ဘုန်းတန်ခိုးအာနုဘော် တော် အကြောင်းကိုထုတ်ဖော်ကြေညာလျက်ရှိနေစဉ်ကျွန်တော်မျိုးနှင့်အတူရှိတော်မူပါ။
19. အို ဘုရားသခင်၊ကိုယ်တော်ရှင်၏တရားမျှတမှုသည် မိုးကောင်းကင်တိုင်အောင်ရောက်ရှိပါ၏။အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်ကြီးမြတ်သည့်အမှုအရာများကိုပြုတော် မူပြီ ဖြစ်သောကြောင့်တည်း။ကိုယ်တော်ရှင်နှင့်တူသူတစ်စုံတစ်ယောက်မျှ မရှိပါ။
20. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားများပြားဆိုးရွားသောဘေးဒုက္ခများနှင့် တွေ့ကြုံစေတော်မူသော်လည်းကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြန်၍အားအင်ပြည့်ဝစေတော်မူလျက်သေဘေးမှ ကယ်တော်မူပါလိမ့်မည်။
21. ကျွန်တော်မျိုးအားယခင်အခါကထက်ပိုမိုကြီးမြင့်စေတော်မူ၍နှစ်သိမ့်မှုကို တစ်ဖန် ပေးတော်မူပါလိမ့်မည်။
22. ကျွန်တော်မျိုးသည်အမှန်ပင်ကိုယ်တော်ရှင်အား စောင်းတီး၍ထောမနာပြုပါမည်။အို ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းကိုထောမနာပြုပါမည်။ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောအရှင်ဖြစ်တော်မူသည့်ကိုယ်တော်ရှင်အားစောင်းတီး၍့ဋ္ဌမ္မသီချင်း များဖြင့် ချီးမွမ်းပါမည်။