8. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်လူအပေါင်းတို့ကိုတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၏။ကျွန်တော်မျိုးအပြစ်ကင်းသည်ကိုထောက်ထား၍ကျွန်တော်မျိုးအားမျက်နှာသာပေး၍တရားစီရင်တော်မူပါ။
9. ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။
10. ဘုရားသခင်သည်ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူ၏။ကိုယ်တော်သည်မိမိစကားကိုနားထောင်သူတို့အားကယ်တော်မူ၏။
11. ဘုရားသခင်သည်ဖြောင့်မှန်စွာတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၍သူယုတ်မာတို့အားအစဉ်အပြစ်ဒဏ်ချမှတ်တော်မူ၏။
12. အကယ်၍လူတို့သည်နောင်တမရကြပါမူဘုရားသခင်သည်ဋ္ဌားတော်ကိုသွေးတော်မူ၍ လေးတော်ကိုအဆင်သင့်တင်တော်မူလိမ့်မည်။
13. သေစေတတ်သောလက်နက်များကိုကိုင်ဆောင်တော်မူ၍မီးလျှံထသည့်မြားတော်ကိုချိန်ရွယ်တော်မူ၏။
14. သူယုတ်မာတို့သည်မကောင်းမှုပြုရန်အဘယ်သို့စဉ်းစားကြံစည်သည်ကိုကြည့်လော့။
15. သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။
16. သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်းမှုကြောင့်အပြစ်ဒဏ်ခံရကြ၏။မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာရကြ၏။
17. ထာဝရဘုရားသည်တရားမျှတတော်မူသည့်အတွက်ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။အမြင့်မြတ်ဆုံးသောဘုရားဖြစ်တော်မူသောထာဝရဘုရားကိုထောမနာပြု၍သီချင်းဆိုပါမည်။