ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 7:8-12 Common Language Bible (BCL)

8. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ကျွန်​တော်​မျိုး​အ​ပြစ်​ကင်း​သည်​ကို​ထောက်​ထား​၍ကျွန်​တော်​မျိုး​အား​မျက်​နှာ​သာ​ပေး​၍​တ​ရား​စီ​ရင်​တော်​မူ​ပါ။

9. ကိုယ်​တော်​ရှင်​သည်​ဖြောင့်​မတ်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။လူ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင်​ဆန္ဒ​များ​ကို​လည်း​စစ်​ဆေး​တော်​မူ​ပါ​၏။သူ​ယုတ်​မာ​တို့​၏​ဆိုး​ညစ်​မှု​ကို​ဆီး​တား​တော်​မူ​လျက်၊သူ​တော်​ကောင်း​တို့​အား​ကောင်း​ကျိုး​ကို​ပေး​သ​နား​တော်​မူ​ပါ။

10. ဘု​ရား​သ​ခင်​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​သည်​မိ​မိ​စ​ကား​ကို​နား​ထောင်​သူ​တို့​အား​ကယ်​တော်​မူ​၏။

11. ဘု​ရား​သ​ခင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၍သူ​ယုတ်​မာ​တို့​အား​အ​စဉ်​အ​ပြစ်​ဒဏ်​ချ​မှတ်​တော်​မူ​၏။

12. အ​ကယ်​၍​လူ​တို့​သည်​နောင်​တ​မ​ရ​ကြ​ပါ​မူဘု​ရား​သ​ခင်​သည်​ဋ္ဌား​တော်​ကို​သွေး​တော်​မူ​၍ လေး​တော်​ကို​အ​ဆင်​သင့်​တင်​တော်​မူ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 7