22-23. ဘုရားသခင်က``သင်တို့သည်ရန်သူများ၏ သွေးအိုင်တွင်လျှောက်သွားနိုင်ကြစေရန်နှင့်သင်တို့၏ခွေးများသည်သူတို့၏သွေးကို အလိုရှိသမျှလျက်သောက်နိုင်ကြစေရန်သူတို့အားဗာရှန်ပြည်မှငါပြန်လည်ခေါ်ဆောင် ခဲ့မည်။သမုဒ္ဒရာရေနက်ကြီးထဲမှပြန်လည်ခေါ်ဆောင် ခဲ့မည်'' ဟုမိန့်တော်မူ၏။
24. အို ဘုရားသခင်၊ ကိုယ်တော်ရှင်အောင်စစ်ချီတော်မူခြင်း၊ကျွန်တော်မျိုး၏အရှင်ဘုရားသခင်သည်သန့်ရှင်းရာဌာနတော်သို့ကြွဝင်တော်မူခြင်းကို လူပေါင်းတို့တွေ့မြင်ကြပါ၏။
25. သီချင်းသီဆိုသူများသည်ရှေ့မှလိုက်၍ တူရိယာတီးမှုတ်သူများကနောက်မှလိုက် ကြပါ၏။ပတ်သာတီးမှုတ်သူအမျိုးသမီးငယ်များကမူ အလယ်မှလိုက်ပါကြပါ၏။
26. ကိုယ်တော်၏လူစုတော်အစည်းအဝေးတွင် ဘုရားသခင်အားထောမနာပြုလော့။ယာကုပ်၏သားမြေးအပေါင်းတို့၊ထာဝရ ဘုရားအားထောမနာပြုကြလော့။
27. ချီတက်လာသောထိုလူစုထဲတွင်ဦးစွာ အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အနွယ်ဝင်များ၊ထိုနောက်ယုဒခေါင်းဆောင်များနှင့်အနွယ် ဝင်များ၊သူတို့နောက်မှဇာဗုလုန်နှင့်နဿလိ ခေါင်းဆောင်များနှင့်အနွယ်ဝင်များလိုက်ပါ ကြ၏။
28-29. အို ဘုရားသခင်၊ရှင်ဘုရင်များကိုယ်တော်ထံလက်ဆောင်များဆက်သရာယေရုရှင်လင်မြို့ရှိဗိမာန်တော်မှကျွန်တော်မျိုးတို့အတွက်အသုံးပြုတော်မူ ခဲ့သော တန်ခိုးတော်ကိုပြတော်မူပါ။
30. ကူတောမှသားရဲတိရစ္ဆာန်ဖြစ်သည့်အီဂျစ် ပြည်ကို ဆုံးမတော်မူပါ။နွားလားဥသဘများနှင့်နောက်လိုက် နွားပျိုများတည်းဟူသောလူမျိုးများ သည်ကိုယ်တော်ရှင်အားဦးညွှတ်ပျပ်ဝပ်၍ လက်ဆောင်ပဏ္ဏာဆက်သလာသည်တိုင်အောင်သူတို့အား ဆုံးမတော်မူပါ။စစ်တိုက်ရန်နှစ်သက်သောလူမျိုးတို့ကိုကွဲလွင့် စေတော်မူပါ။
31. အီဂျစ်ပြည်မှသံတမန်များသည်အထံ တော်သို့ လာကြပါလိမ့်မည်။ဆူဒန်ပြည်သားတို့သည်လက်အုပ်ချီ၍ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါလိမ့်မည်။
32-33. လောကနိုင်ငံအပေါင်းတို့၊ဘုရားသခင်အား သီချင်းဆို၍ချီးမွမ်းကြလော့။ရှေးမဆွကတည်ရှိနေသည့်မိုးကောင်းကင်တွင် ကြွမြန်းတော်မူသောဘုရားရှင်အားထောမနာသီချင်းဆိုကြလော့။ကျယ်စွာမိန့်မြွက်တော်မူသောအသံကို နားထောင်ကြလော့။
34. ဘုရားသခင်၏တန်ခိုးတော်ကိုထုတ်ဖော် ကြေညာကြလော့။ကိုယ်တော်၏ဂုဏ်ကျက်သရေတော်သည်ဣသရေလအမျိုးသားတို့အပေါ်တွင်လွှမ်းမိုး၍ကိုယ်တော်၏ဘုန်းအာနုဘော်တော်သည် မိုးကောင်းကင်၌ထင်ရှားလျက်ရှိ၏။
35. သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည်ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ဘုရားသခင်အားထောမနာပြုကြလော့။