ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 68:10-26 Common Language Bible (BCL)

10. ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​အ​ရပ်​တွင် နေ​ထိုင်​ကြ​၏။ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏ကောင်း​မြတ်​တော်​မူ​ခြင်း​ကြောင့်​ဖူ​လုံ​လျက်​ရှိ ကြ​ပါ​၏။

11-12. ဘု​ရား​ရှင်​အ​မိန့်​တော်​ရှိ​၍​အ​မျိုး​သ​မီး အ​မြောက်​အ​မြား​သည်``ရှင်​ဘု​ရင်​များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ခြေ တို့​သည် ဆုတ်​ပြေး​ကြ​လေ​ပြီ'' ဟု​သ​တင်း​လွှင့်​ကြ​၏။အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​အိမ်​များ​တွင် လက်​ရ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ကြ​၏။

13. ယင်း​ပစ္စည်း​များ​မှာ​ရွှေ​ရောင်​ပြောင်​လက်​သော အ​မွေး​အ​တောင်​များ​ရှိ​သည့်ငွေ​ဖြင့်​ဖုံး​အုပ်​သော​ချိုး​ငှက်​ရုပ်​များ​ဖြစ်​သည်။(သင်​တို့​အ​ချို့​သည်​စစ်​ပွဲ​ဝင်​သော​နေ့​တွင် အ​ဘယ်​ကြောင့်​သိုး​ခြံ​များ​၌​နေ​ခဲ့​သ​နည်း။)

14. အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ဇာ​လ​မုန်​တောင်​ပေါ်​တွင်​ဘု​ရင်​မင်း​တို့​ကိုကွဲ​လွင့်​စေ​တော်​မူ​သော​အ​ခါ​ထို​တောင်​ပေါ် တွင် မိုး​ပွင့်​များ​ကျ​စေ​တော်​မူ​၏။

15. ဗာ​ရှန်​တောင်​သည်​လွန်​စွာ​ကြီး​မား​လှ​ပါ​ပေ​သည်။တောင်​ထိပ်​များ​စွာ​ရှိ​သည့်​တောင်​ဖြစ်​ပါ​သည် တ​ကား။

16. ကြီး​မား​သည့်​တောင်​ထိပ်​များ​မှ​သင်​သည် အ​ဘယ်​ကြောင့်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော် မူ​ရန်ရွေး​ချယ်​ထား​သည့်​တောင်​တော်​ကို​မ​ထီ​လေး​စား စိတ်​ဖြင့်​ကြည့်​ပါ​သ​နည်း။ထာ​ဝ​ရ​ဘု​ရား​သည်​ထို​တောင်​ပေါ်​တွင်​ထာ​ဝ​စဉ် ကိန်း​ဝပ်​တော်​မူ​မည်။

17. ထာ​ဝ​ရ​ဘု​ရား​သည်​အင်​အား​ကြီး​မား​သည့် စစ်​ရ​ထား​ထောင်​ပေါင်း​များ​စွာ​နှင့်သိ​နာ​တောင်​မှ​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၏။

18. ကိုယ်​တော်​သည်​သုံ့​ပန်း​များ​ကို​ခေါ်​ဆောင်​၍ မြင့်​သော​အ​ရပ်​သို့​တက်​ကြွ​တော်​မူ​၏။ကိုယ်​တော်​သည်​ပုန်​ကန်​သူ​တို့​၏​ထံ​မှ လက်​ဆောင်​ပဏ္ဏာ​များ​ကို​ခံ​ယူ​တော်​မူ​၏။ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရပ် တွင် ကိန်း​ဝပ်​တော်​မူ​မည်။

19. ငါ​တို့​၏​ဝန်​ထုပ်​များ​ကို​နေ့​စဉ်​နေ့​တိုင်းသယ်​ဆောင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။

20. ငါ​တို့​၏​ဘု​ရား​သည်​ကယ်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​၏။ကိုယ်​တော်​ကား​ထာ​ဝ​ရ​ဘု​ရား၊ငါ​တို့​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​သော ငါ​တို့​၏​ဘု​ရား​ရှင်​ဖြစ်​တော်​မူ​၏။

21. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရန်​သူ​များ​နှင့်အ​ပြစ်​ပြု​မြဲ​ပြု​နေ​သူ​များ​၏​ဦး​ခေါင်း​ကို ဧ​ကန်​အ​မှန်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။

22-23. ဘု​ရား​သ​ခင်​က``သင်​တို့​သည်​ရန်​သူ​များ​၏ သွေး​အိုင်​တွင်​လျှောက်​သွား​နိုင်​ကြ​စေ​ရန်​နှင့်သင်​တို့​၏​ခွေး​များ​သည်​သူ​တို့​၏​သွေး​ကို အ​လို​ရှိ​သ​မျှ​လျက်​သောက်​နိုင်​ကြ​စေ​ရန်သူ​တို့​အား​ဗာ​ရှန်​ပြည်​မှ​ငါ​ပြန်​လည်​ခေါ်​ဆောင် ခဲ့​မည်။သ​မုဒ္ဒ​ရာ​ရေ​နက်​ကြီး​ထဲ​မှ​ပြန်​လည်​ခေါ်​ဆောင် ခဲ့​မည်'' ဟု​မိန့်​တော်​မူ​၏။

24. အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​အောင်​စစ်​ချီ​တော်​မူ​ခြင်း၊ကျွန်​တော်​မျိုး​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည်သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​ကြွ​ဝင်​တော်​မူ​ခြင်း​ကို လူ​ပေါင်း​တို့​တွေ့​မြင်​ကြ​ပါ​၏။

25. သီ​ချင်း​သီ​ဆို​သူ​များ​သည်​ရှေ့​မှ​လိုက်​၍ တူ​ရိ​ယာ​တီး​မှုတ်​သူ​များ​က​နောက်​မှ​လိုက် ကြ​ပါ​၏။ပတ်​သာ​တီး​မှုတ်​သူ​အ​မျိုး​သ​မီး​ငယ်​များ​က​မူ အ​လယ်​မှ​လိုက်​ပါ​ကြ​ပါ​၏။

26. ကိုယ်​တော်​၏​လူ​စု​တော်​အ​စည်း​အ​ဝေး​တွင် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လော့။ယာ​ကုပ်​၏​သား​မြေး​အ​ပေါင်း​တို့၊ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 68