ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 67:3-7 Common Language Bible (BCL)

3. အို ဘု​ရား​သ​ခင်၊လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။

4. ကိုယ်​တော်​ရှင်​သည်​လူ​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​၍လူ​မျိုး​တ​ကာ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​တော် မူ​သ​ဖြင့်သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။

5. အို ဘု​ရား​သ​ခင်၊လူ​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​စေ​သော။

6. မြေ​ကြီး​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ပွား​စေ​ပြီ။ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပြီ။

7. ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပြီ။ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 67