7. ကိုယ်တော်သည်ဘုန်းအာနုဘော်တော်အားဖြင့် အစဉ်အမြဲအုပ်စိုးတော်မူ၍လူမျိုးတကာတို့၏ခြေလှမ်းကိုကြည့်လျက် နေတော်မူ၏။အဘယ်သူမျှကိုယ်တော်အားမပုန်ကန်ပါစေနှင့်။
8. လူမျိုးအပေါင်းတို့၊ငါတို့၏ဘုရားအား ထောမနာပြုကြလော့။သင်တို့၏ထောမနာသံကိုကြားပါစေ။
9. ကိုယ်တော်သည်ငါတို့အားမသေစေဘဲ အသက်ချမ်းသာပေးတော်မူခဲ့ပါ၏။ငါတို့အားပြိုလဲစေတော်မမူခဲ့ပါ။
10. အို ဘုရားသခင်၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စစ်ဆေးတော်မူပါပြီ။ငွေကိုမီးဖြင့်ချွတ်သကဲ့သို့ကျွန်တော်မျိုး တို့အား စစ်ဆေးတော်မူပါပြီ။
11. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ထောင်ချောက်တွင်ကျစေတော်မူ၍လေးလံသောဝန်ကိုထမ်းစေတော်မူပါ၏။
12. ကိုယ်တော်ရှင်သည်ရန်သူတို့အားကျွန်တော်မျိုး တို့ကို ကျော်နင်းခွင့်ပေးတော်မူပါ၏။ကျွန်တော်မျိုးတို့သည်မီးဘေးရေဘေးတို့နှင့် ကြုံတွေ့ရပါ၏။သို့ရာတွင်ယခုအခါ၌ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါပြီ။
13. ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အိမ်တော် သို့ မီးရှို့ရာပူဇော်သကာကိုယူဆောင်လာပါမည်။ကိုယ်တော်ရှင်အားကျွန်တော်မျိုးပြုခဲ့သည့် ကတိသစ္စာဝတ်ကိုဖြေပါမည်။
14. ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါက၊ကတိသစ္စာထားခဲ့သည့်အတိုင်းကိုယ်တော် ရှင်အား ဆက်သပါမည်။