ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 64:6-10 Common Language Bible (BCL)

6. သူ​တို့​သည်​ဆိုး​ညစ်​သည့်​အ​မှု​များ​ကို​ကြံ​စည် ပြီး​လျှင်``လွန်​စွာ​ပါး​နပ်​လိမ္မာ​သည့်​အ​မှု​ကို​ငါ​တို့​ကြံ​စည်​၍ ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။လူ​၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​ကို​သိ​ရှိ​ရန် လွန်​စွာ​ပင်​ခက်​ခဲ​နက်​နဲ​လှ​ပါ​သည်​တ​ကား။

7. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အားမြား​တော်​ဖြင့်​ပစ်​တော်​မူ​၍​ချက်​ချင်း​ပင် ဒဏ်​ရာ​ရ​စေ​တော်​မူ​၏။

8. သူ​တို့​ပြော​ဆို​သည့်​စ​ကား​များ​ကြောင့်​ပင်​လျှင်ကိုယ်​တော်​သည်​သူ​တို့​အား​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​လိမ့်​မည်။သူ​တို့​ကို​တွေ့​မြင်​သူ​အ​ပေါင်း​တို့​သည် ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။

9. ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​လန့်​လျက်ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို ဆင်​ခြင်​ကာကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​များ အ​ကြောင်း​ကို ပြော​ကြား​ကြ​လိမ့်​မည်။

10. ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကြောင့်သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင် ခို​လှုံ​ကြ​လိမ့်​မည်။စိတ်​နှ​လုံး​ဖြူ​စင်​ဖြောင့်​မတ်​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 64