ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 62:1-8 Common Language Bible (BCL)

1. ငါ့​ကို​ဘု​ရား​သ​ခင်​ကယ်​တင်​ရန်​ငါ​သည် စိတ်​ရှည်​စွာ စောင့်​မျှော်​လျက်​နေ​ပါ​၏။ငါ​သည်​ကိုယ်​တော်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။

2. ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက်​တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။

3. သင်​တို့​အ​ပေါင်း​သည်​ယိမ်း​ယိုင်​လျက်​ရှိ​သော နံ​ရံ​နှင့် ပြို​ကျ​ပျက်​စီး​လျက်​ရှိ​သော​ခြံ​ဝင်း​ကဲ့​သို့အင်​အား​မ​ရှိ​သည့်​လူ​တစ်​ယောက်​အား အ​ဘယ်​မျှ ကြာ​အောင်​တိုက်​ခိုက်​ကြ​ပါ​မည်​နည်း။

4. သင်​တို့​သည်​သူ့​အား​ဂုဏ်​မြင့်​ရာ​မှ​ဆွဲ​ချ​ရန် ကို​သာ ကြံ​စည်​ကြ​၏။သင်​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​နှစ်​သက် ကြ​၏။သူ့​အား​နှုတ်​ဖြင့်​ကောင်း​ချီး​ပေး​လျက်၊ စိတ်​ထဲ​တွင်​မူ​ကား​ကျိန်​ဆဲ​ကြ​၏။

5. ငါ​သည်​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။ ကိုယ်​တော်​အား​မျှော်​ကိုး​ပါ​၏။

6. ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက် တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။

7. ငါ​၏​ကယ်​တင်​ခြင်း​နှင့်​ဂုဏ်​အ​သ​ရေ​သည် ဘု​ရား​သ​ခင်​အ​ပေါ်​တွင်​တည်​ပါ​၏။ကိုယ်​တော်​သာ​တန်​ခိုး​ကြီး​သည့်​ကာ​ကွယ်​သော ကျောက်​တောင်​ဖြစ်​တော်​မူ​၏။ငါ​ခို​လှုံ​ရာ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။

8. အ​ချင်း​လူ​တို့​ဘု​ရား​သ​ခင်​အား​အ​စဉ် အ​မြဲ ကိုး​စား​ကြ​လော့။သင်​တို့​၏​ဒုက္ခ​အ​ပေါင်း​ကို​ကိုယ်​တော်​အား ဖော်​ပြ​ကြ​လော့။ကိုယ်​တော်​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 62