ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 6:1-7 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​အား​အ​မျက်​တော်​ထွက်​၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။အ​မျက်​တော်​ထွက်​၍​အ​ပြစ်​ဒဏ်​ပေး​တော် မ​မူ​ပါ​နှင့်။

2. ကျွန်​တော်​မျိုး​သည်​မော​ပန်း​နွမ်း​နယ်​လျက်​ရှိ သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။လုံး​ဝ​အင်​အား​ကုန်​ခန်း​လျက်​ရှိ​သ​ဖြင့် ပြန်​လည်​အင်​အား​ပြည့်​စေ​တော်​မူ​ပါ။

3. ကျွန်​တော်​မျိုး​သည်​ကိုယ်​စိတ်​နှစ်​ပါး​ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​စား​လျက်​ရှိ​ပါ၏။အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​ကာ​လ​ကြာ​မှ​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​မည်​နည်း။

4. အို ထာ​ဝ​ရ​ဘု​ရား၊ကြွ​လာ​တော်​မူ​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။ကိုယ်​တော်​၏​က​ရု​ဏာ​တော်​နှင့်​အ​ညီ​ကျွန်​တော် မျိုး​အား သေ​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ပါ။

5. မ​ရ​ဏာ​နိုင်​ငံ​တွင်​ကိုယ်​တော်​အား အောက်​မေ့​သ​တိ​ရ​သူ​မ​ရှိ​ပါ။ထို​အ​ရပ်​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား ထော​မ​နာ​ပြု​နိုင်​မည်​မ​ဟုတ်​ပါ။

6. ကျွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။ည​တိုင်း​ပင်​လျှင်​ငို​ယို​ရ​သ​ဖြင့်​အိပ်​ရာ​သည် စို​စွတ်​လျက်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​၏​ခေါင်း​အုံး​သည်​မျက်​ရည် စို​ရွှဲ​လျက်​ရှိ​ပါ​၏။

7. ရန်​သူ​များ​ကြောင့်​ငို​ယို​ရ​သ​ဖြင့်​ကျွန်​တော် မျိုး​၏ မျက်​စိ​များ​သည်​ရောင်​လျက်​ရှိ​ပါ​၏။ကြည့်​၍​ပင်​မ​မြင်​နိုင်​ပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 6