ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 58:1-4-5 Common Language Bible (BCL)

1. အ​ချင်း​အာ​ဏာ​ပိုင်​တို့၊သင်​တို့​သည်​တ​ရား သ​ဖြင့် ဆုံး​ဖြတ်​မှု​ကို​ပြု​ကြ​သ​လော။လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​ကြ​သ​လော။

2. သင်​တို့​ကား​ယင်း​သို့​မ​ပြု၊မိ​မိ​တို့​ပြု​မည့် ဒု​စ​ရိုက်​ကို​သာ​လျှင်​စဉ်း​စား​ကြံ​စည်​လျက်တိုင်း​ပြည်​တွင်​အ​ဋ္ဌမ္မ​အ​ကြမ်း​ဖက်​မှု​ကို ကူး​လွန်​ကြ​၏။

3. ဒု​စ​ရိုက်​သ​မား​တို့​သည်​တစ်​သက်​လုံး​အ​မှား​ကို သာ​လျှင်​ပြု​တတ်​ကြ​၏။သူ​တို့​သည်​မိ​မိ​တို့​မွေး​က​တည်း​က မု​သား​စ​ကား​ကို​ပြော​ဆို​တတ်​ကြ​၏။

4-5. သူ​တို့​သည်​အ​ဆိပ်​ရှိ​သည့်​မြွေ​များ​နှင့်​တူ ကြ​၏။နား​ပင်း​သည့်​မြွေ​ဟောက်​သည်​အ​လမ္ပာယ် ဆ​ရာ​၏အ​သံ​ကို​သော်​လည်း​ကောင်း၊ကျင်​လည်​သောမျက်​လှည့်​ဆ​ရာ​၏​မန္တန်​ကို​သော်​လည်း​ကောင်း မ​ကြား​ရ။သူ​တို့​သည်​နား​ပင်း​သည့်​မြွေ​ဟောက်​နည်း​တူ မိ​မိ​တို့​၏​နား​များ​ကို​ပိတ်​ထား​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 58