ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 57:4-10 Common Language Bible (BCL)

4. ရန်​သူ​များ​သည်​လူ​သား​ကို​စား​သည့်​ခြင်္သေ့​များ သ​ဖွယ် ငါ့​ကို​ဝိုင်း​ရံ​ထား​၏။သူ​တို့​၏​သွား​များ​သည်​လှံ​များ၊မြား​များ နှင့်​တူ​၏။သူ​တို့​၏​လျှာ​များ​သည်​သန်​လျက်​ကဲ့​သို့ ထက်​၏။

5. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို မိုး​ကောင်း​ကင်​တွင်​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကိုကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း​ပေါ်​လွင်​ထင်​ရှား စေ​တော်​မူ​ပါ။

6. ရန်​သူ​တို့​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​ကြ​၏။ငါ​သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။သူ​တို့​သည်​ငါ​သွား​ရာ​လမ်း​တွင်​တွင်း​ကို တူး​ထား​ကြ​ပါ​၏။သို့​ရာ​တွင်​ထို​တွင်း​ထဲ​သို့​သူ​တို့​ပင်​လျှင် ကျ​ကြ​၏။

7. အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ​ပါ​ပြီ။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။

8. အို ငါ့​ဝိ​ညာဉ်၊နိုး​ထ​လော့။ငါ​၏​စောင်း​ကြီး​စောင်း​ငယ်​တို့၊နိုး​ထ​ကြ​လော့။ ငါ​သည်​လည်း​နေ​ကို​နိုး​ထ​စေ​မည်။

9. အို ဘု​ရား​ရှင်၊ကျွန်​တော်​မျိုး​သည်​လူ​မျိုး​တ​ကာ​တို့​၏​အ​လယ်​တွင် ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။လူ​မျိုး​အ​ပေါင်း​တို့​၏​အ​လယ်​တွင်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။

10. ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​အာ​ကာ​သ​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 57