ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 57:1-4 Common Language Bible (BCL)

1. ကျွန်​တော်​မျိုး​သည်​ခို​လှုံ​ရန်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။အို ဘု​ရား​သ​ခင်၊သ​နား​တော်​မူ​ပါ။မိုး​သက်​မုန်​တိုင်း​လွန်​သွား​သည်​အ​ထိကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​တောင်​တော်​အ​ရိပ်​တွင်​ခို​လှုံ​ပါ​၏။

2. ငါ​လို​သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​တော် မူ​သော၊အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင် အား ငါ​သည်​တောင်း​လျှောက်​ပါ​၏။

3. ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ထူး​တော်​မူ​၍ ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။ငါ့​ကို​ညှဉ်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​နှိမ်​နင်း တော်​မူ​လိမ့်​မည်။ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ တော်​နှင့် သစ္စာ​တော်​ကို​ငါ့​အား​ပြ​တော်​မူ​လိမ့်​မည်။

4. ရန်​သူ​များ​သည်​လူ​သား​ကို​စား​သည့်​ခြင်္သေ့​များ သ​ဖွယ် ငါ့​ကို​ဝိုင်း​ရံ​ထား​၏။သူ​တို့​၏​သွား​များ​သည်​လှံ​များ၊မြား​များ နှင့်​တူ​၏။သူ​တို့​၏​လျှာ​များ​သည်​သန်​လျက်​ကဲ့​သို့ ထက်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 57