ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 55:14-23 Common Language Bible (BCL)

14. သင်​နှင့်​ငါ​သည်​ရင်း​နှီး​စွာ​ဆွေး​နွေး​တိုင်​ပင်​ခဲ့​ကြ​၏။ဗိ​မာန်​တော်​တွင်​လည်း​အ​တူ​တူ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။

15. ငါ​၏​ရန်​သူ​များ​သည်​သေ​နေ့​မ​စေ့​မီ သေ​ရ​ကြ​ပါ​စေ​သော။အ​ရှင်​လတ်​လတ်​သေ​ရွာ​သို့​သွား​ရ​ကြ​ပါ​စေ​သော။သူ​တို့​၏​နေ​အိမ်​များ​သည်​ဆိုး​ညစ်​မှု​ကြီး​စိုး​ရာ ဌာ​န​များ​ဖြစ်​ကြ​၏။သူ​တို့​၏​စိတ်​နှ​လုံး​သည်​ဆိုး​ညစ်​မှု​နှင့် ပြည့်​နှက်​လျက်​ရှိ​၏။

16. ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။

17. ငါ​၏​ညည်း​တွား​မြည်​တမ်း​သံ​များ​သည်​နံ​နက်​ချိန်၊ မွန်း​တည့်​ချိန်၊ညဥ့်​အ​ချိန်​တို့​၌အ​ထံ​တော်​သို့​ရောက်​သ​ဖြင့်​ကိုယ်​တော်​သည် ကြား​တော်​မူ​လိမ့်​မည်။

18. ဤ​မျှ​များ​လှ​သော​ရန်​သူ​တို့​နှင့်တိုက်​ခိုက်​ရာ​စစ်​ပွဲ​များ​မှ​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​လာ​စေ​တော်​မူ​လိမ့်​မည်။

19. ရှေး​ကမ္ဘာ​အ​ဆက်​ဆက်​မှ​စ​၍ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​အားပိုင်​သ​အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်ငါ​၏​ပတ္ထနာ​စ​ကား​ကို​ကြား​၍​ရန်​သူ​တို့​အား အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​စိတ်​နှ​လုံး ပြောင်း​လဲ​မှု​မ​ရှိ​ကြ။ကိုယ်​တော်​ကို​လည်း​မ​ကြောက်​ရွံ့​ကြ​သော​ကြောင့် ဖြစ်​၏။

20. ငါ​၏​မိတ်​ဆွေ​ဟောင်း​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို တိုက်​ခိုက်​၍​မိ​မိ​၏​က​တိ​ကို​လည်း​ဖျက်​၏။

21. သူ​၏​စ​ကား​တို့​သည်​ထော​ပတ်​ထက်​ပင် ချော​မွတ်​သော်​လည်းသူ​၏​စိတ်​နှ​လုံး​ထဲ​၌​မူ​ကား မုန်း​တီး​တတ်​သော​သ​ဘော​ရှိ​၏။သူ​၏​စ​ကား​တို့​သည်​ဆီ​ကဲ့​သို့​ပျော့​ပျောင်း သော်​လည်း ထက်​သော​ဋ္ဌား​ကဲ့​သို့​ထိ​ခိုက်​နာ​ကြင်​စေ​တတ်​၏။

22. သင်​၏​ဝန်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​လွှဲ​အပ်​လော့။ကိုယ်​တော်​သည်​သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။သူ​တော်​ကောင်း​တို့​ကို​အ​ဘယ်​အ​ခါ​၌ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

23. သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည် လူ​သတ်​သ​မား​များ​နှင့်​လူ​လိမ်​များ​အားသူ​တို့​သက်​တမ်း​ထက်​ဝက်​မ​ကျိုး​မီ​သင်္ချိုင်း တွင်း​သို့ သက်​ဆင်း​စေ​တော်​မူ​မည်။ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​ကို​ကိုး​စား ပါ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 55