ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 55:1-5 Common Language Bible (BCL)

1. အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပါ။ကျွန်​တော်​မျိုး​ပန်​ကြား​သော​အ​ခါ မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။

2. ကျွန်​တော်​မျိုး​တောင်း​လျှောက်​သည်​ကို နား​ထောင်​တော်​မူ​၍​ထူး​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​မှု​များ​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပါ​၏။

3. ရန်​သူ​များ​၏​ခြိမ်း​ခြောက်​မှု​ကြောင့်​ကျွန်​တော်​မျိုး ကြောက်​လန့်​ပါ​၏။သူ​ယုတ်​မာ​တို့​၏​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကြောင့် ကျွန်​တော်​မျိုး​စိတ်​ပျက်​အား​လျော့​ပါ​၏။သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ကြ​ပါ​၏။သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​မျက်​ထွက်​၍ မုန်း​ကြ​ပါ​၏။

4. ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​ကြောက်​လန့်​လျက် နေ​ပါ​၏။သေ​ဘေး​ကို​လွန်​စွာ​ထိတ်​လန့်​လျက်​ရှိ​ပါ​၏။

5. ကြောက်​လန့်​တုန်​လှုပ်​လျက်၊လွန်​စွာ​တုန်​လှုပ် ချောက်​ချား​လျက်​ရှိ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 55