ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 52:4-9 Common Language Bible (BCL)

4. အ​ချင်း​လူ​လိမ်၊သင်​သည်​မိ​မိ​၏​နှုတ်​အား​ဖြင့်လူ​တို့​အား​ထိ​ခိုက်​နစ်​နာ​အောင်​ပြော​ဆို​ရန် နှစ်​သက်​ပါ​သည်​တ​ကား။

5. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင့်​အား​ထာ​ဝ​စဉ် ပြို​လဲ​စေ​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​သည်​သင့်​ကို​နေ​အိမ်​မှ​ဆွဲ​ထုတ် တော်​မူ​လိမ့်​မည်။သင့်​ကို​သက်​ရှင်​နေ​သူ​တို့​နေ​ထိုင်​ရာ​လူ့​ပြည်​မှ ဖယ်​ရှား​တော်​မူ​လိမ့်​မည်။

6. သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​လျှင် ကြောက်​လန့်​ကြ​လိမ့်​မည်။သူ​တို့​သည်​သင့်​အား​ကြည့်​၍​ပြုံး​ရယ်​ကြ​လျက်

7. ``မိ​မိ​၏​လုံ​ခြုံ​မှု​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ကိုအား​ကိုး​မည့်​အ​စား​မိ​မိ​၏​စည်း​စိမ်​ချမ်း​သာ ကို အား​ကိုး​သူ​ကို​ကြည့်​ကြ​လော့။သူ​သည်​ယုတ်​မာ​မှု​အား​ဖြင့်​မိ​မိ​၏​လုံ​ခြုံ​မှု​ကို ရှာ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​လိမ့်​မည်။

8. ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​အ​နီး​တွင် ပေါက်​သည့်​သံ​လွင်​ပင်​နှင့်​တူ​၏။ငါ​သည်​ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​ကို ကာ​လ​အ​စဉ်​အ​မြဲ​ကိုး​စား​၏။

9. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​တွက်ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​မည်။ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​ကြောင်း​ကိုကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ရှေ့​တွင်​ထုတ်​ဖော် ကြေ​ညာ​ပါ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 52