ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 51:13-19 Common Language Bible (BCL)

13. ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​အ​ပြစ်​ကူး​သူ တို့​အား ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​သွန်​သင်​ပါ​မည်။သူ​တို့​သည်​လည်း​အ​ထံ​တော်​သို့​ပြန်​လာ ကြ​ပါ​လိမ့်​မည်။

14. အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ချမ်း​သာ​ပေး တော်​မူ​ပါ။ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်တ​ရား​မျှ​တ​တော်​မူ​ကြောင်း​ကို​ဝမ်း​မြောက်​စွာ ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။

15. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​နှုတ်​ကို​ဖွင့်​တော်​မူ​ပါ။ ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။

16. ကိုယ်​တော်​ရှင်​သည်​ယဇ်​ပူ​ဇော်​ခြင်း​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။သို့​မ​ဟုတ်​လျှင်​ကျွန်​တော်​မျိုး​သည် ယဇ်​ပူ​ဇော်​ပါ​မည်။ကိုယ်​တော်​ရှင်​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ များ​ကို နှစ်​သက်​တော်​မ​မူ​ပါ။

17. အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​ပူ​ဇော်​သော​ယဇ်​သည်​နှိမ့်​ချ​သော စိတ်​နှ​လုံး​ပင်​ဖြစ်​ပါ​၏။ကိုယ်​တော်​ရှင်​သည်​နှိမ့်​ချ​၍​နောင်​တ​ရ​သော စိတ်​နှ​လုံး​ကို​ပစ်​ပယ်​တော်​မူ​မည်​မ​ဟုတ်​ပါ။

18. အို ဘု​ရား​သ​ခင်၊ဇိ​အုန်​တောင်​ကို​သ​နား​တော်​မူ​၍​ကူ​မ​တော် မူ​ပါ။ယေ​ရု​ရှ​လင်​မြို့​ရိုး​တို့​ကို​ပြန်​လည် တည်​ဆောက်​တော်​မူ​ပါ။

19. ထို​အ​ခါ​ကိုယ်​တော်​ရှင်​သည်​မှန်​ကန်​သည့်မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​နှစ်​သက် လက်​ခံ​တော်​မူ​လိမ့်​မည်။နွား​လား​များ​ကို​လည်း​ကိုယ်​တော်​ရှင်​၏ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ကြ​ပါ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 51