ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 50:7-19 Common Language Bible (BCL)

7. ကိုယ်​တော်​က``ငါ​၏​လူ​စု​တော်​ဝင်​တို့၊ နား​ထောင်​ကြ​လော့။ ငါ​မိန့်​မြွက်​တော်​မူ​မည်။အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​ငါ​သည်​သင်​တို့​ကို ဝေ​ဖန်​ပြစ်​တင်​မည်။ငါ​သည်​ထာ​ဝ​ရ​ဘု​ရား၊​သင်​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​၏။

8. သင်​တို့​သည်​ငါ့​အား​ယဇ်​နှင့်​မီး​ရှို့​ရာပူ​ဇော်​သ​ကာ​များ​ကို​အ​စဉ်​ဆက်​သည့်​အ​တွက် ငါ​သည်​သင်​တို့​အား​ဝေ​ဖန်​ပြစ်​တင်​မှု​မ​ပြု​လို။

9. သို့​ရာ​တွင်​သင်​တို့​၏​ခြံ​များ​မှ​နွား​တို့​ကို လည်း​ကောင်း၊သင်​တို့​၏​ဆိတ်​အုပ်​များ​မှ​ဆိတ်​တို့​ကို​လည်း ကောင်း ငါ​မ​လို။

10. အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​တော​တိ​ရစ္ဆာန် ရှိ​သ​မျှ​ကို​လည်း​ကောင်း၊တောင်​ပေါင်း​များ​စွာ​သော​တောင်​ကုန်း​များ​ရှိတိ​ရစ္ဆာန်​တို့​ကို​လည်း​ကောင်း​ပိုင်​သော​ကြောင့်​ဖြစ်​၏။

11. တော​ငှက်​အ​ပေါင်း​နှင့်​ကွင်း​ပြင်​များ​မှ​သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​လည်း​ငါ​ပိုင်​၏။

12. ``အ​ကယ်​၍​ငါ​သည်​ဆာ​မွတ်​ခဲ့​မူ​သင်​တို့​ထံ​မှ အ​စာ​ကို​တောင်း​မည်​မ​ဟုတ်။အ​ဘယ်​ကြောင့်​ဆို​သော်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​ပေါ်​ရှိ အ​ရာ​ဟူ​သ​မျှ​ကို​ငါ​ပိုင်​သော​ကြောင့်​ဖြစ်​၏။

13. ငါ​သည်​အ​မဲ​သား​ကို​စား​ပါ​သ​လော။ ဆိတ်​သွေး​ကို​သောက်​ပါ​သ​လော။

14. ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​သာ လျှင်ဘု​ရား​သ​ခင်​အား​သင်​တို့​ပူ​ဇော်​ရာ ယဇ်​ဖြစ်​စေ​ကြ​လော့။ထို့​ပြင်၊အ​နန္တ​တန်​ခိုး​ရှင်​အား​သင်​တို့​သစ္စာ က​တိ​ထား​သည့်​အ​တိုင်း​ပြု​ကြ​လော့။

15. ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

16. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​သူ​ယုတ်​မာ အား``သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ပ​ညတ်​တော်​တို့​ကို ရွတ်​ဆို​ရ​ပါ​သ​နည်း။ငါ​၏​ပ​ဋိ​ညာဉ်​တော်​အ​ကြောင်း​ကို​အ​ဘယ်​ကြောင့် ပြော​ဆို​ရ​ပါ​သ​နည်း။

17. သင်​သည်​ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လက်​မ​ခံ။ ငါ​၏​ပ​ညတ်​တော်​တို့​ကို​ပစ်​ပယ်​၏။

18. သင်​သည်​သူ​ခိုး​နှင့်​တွေ့​လျှင်​မိတ်​ဖွဲ့​တတ်​၏။သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​သူ​တို့​နှင့်​လည်း ပေါင်း​ဖော်​တတ်​၏။

19. ``သင်​သည်​အ​စဉ်​ပင်​ညစ်​ညမ်း​သည့်​စ​ကား​ကို ပြော​ဆို​တတ်​၏။မု​သား​ကို​သုံး​ရန်​အ​ဘယ်​အ​ခါ​၌​မျှ နှောင့်​နှေး​သည်​မ​ရှိ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 50