ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 50:5-15 Common Language Bible (BCL)

5. ကိုယ်​တော်​က``ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်ငါ​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍​ငါ့​အား​သစ္စာ​စောင့်​သူ များ​ကို စု​ဝေး​စေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

6. ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​တ​ရား​သူ​ကြီး​ဖြစ်​၍တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ကို မိုး​ကောင်း​ကင်​သည်​ကြေ​ညာ​၏။

7. ကိုယ်​တော်​က``ငါ​၏​လူ​စု​တော်​ဝင်​တို့၊ နား​ထောင်​ကြ​လော့။ ငါ​မိန့်​မြွက်​တော်​မူ​မည်။အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​ငါ​သည်​သင်​တို့​ကို ဝေ​ဖန်​ပြစ်​တင်​မည်။ငါ​သည်​ထာ​ဝ​ရ​ဘု​ရား၊​သင်​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​၏။

8. သင်​တို့​သည်​ငါ့​အား​ယဇ်​နှင့်​မီး​ရှို့​ရာပူ​ဇော်​သ​ကာ​များ​ကို​အ​စဉ်​ဆက်​သည့်​အ​တွက် ငါ​သည်​သင်​တို့​အား​ဝေ​ဖန်​ပြစ်​တင်​မှု​မ​ပြု​လို။

9. သို့​ရာ​တွင်​သင်​တို့​၏​ခြံ​များ​မှ​နွား​တို့​ကို လည်း​ကောင်း၊သင်​တို့​၏​ဆိတ်​အုပ်​များ​မှ​ဆိတ်​တို့​ကို​လည်း ကောင်း ငါ​မ​လို။

10. အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​တော​တိ​ရစ္ဆာန် ရှိ​သ​မျှ​ကို​လည်း​ကောင်း၊တောင်​ပေါင်း​များ​စွာ​သော​တောင်​ကုန်း​များ​ရှိတိ​ရစ္ဆာန်​တို့​ကို​လည်း​ကောင်း​ပိုင်​သော​ကြောင့်​ဖြစ်​၏။

11. တော​ငှက်​အ​ပေါင်း​နှင့်​ကွင်း​ပြင်​များ​မှ​သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​လည်း​ငါ​ပိုင်​၏။

12. ``အ​ကယ်​၍​ငါ​သည်​ဆာ​မွတ်​ခဲ့​မူ​သင်​တို့​ထံ​မှ အ​စာ​ကို​တောင်း​မည်​မ​ဟုတ်။အ​ဘယ်​ကြောင့်​ဆို​သော်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​ပေါ်​ရှိ အ​ရာ​ဟူ​သ​မျှ​ကို​ငါ​ပိုင်​သော​ကြောင့်​ဖြစ်​၏။

13. ငါ​သည်​အ​မဲ​သား​ကို​စား​ပါ​သ​လော။ ဆိတ်​သွေး​ကို​သောက်​ပါ​သ​လော။

14. ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​သာ လျှင်ဘု​ရား​သ​ခင်​အား​သင်​တို့​ပူ​ဇော်​ရာ ယဇ်​ဖြစ်​စေ​ကြ​လော့။ထို့​ပြင်၊အ​နန္တ​တန်​ခိုး​ရှင်​အား​သင်​တို့​သစ္စာ က​တိ​ထား​သည့်​အ​တိုင်း​ပြု​ကြ​လော့။

15. ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 50