ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 50:1-10 Common Language Bible (BCL)

1. အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သောထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​မှ​အ​နောက်​သို့ တိုင်​အောင် ကမ္ဘာ​တစ်​ဝန်း​လုံး​အား​မိန့်​မြွက်​ဆင့်​ခေါ်​တော် မူ​၏။

2. ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​တ​ရာ​လှ​ပ တင့်​တယ်​သည့် မြို့​တော်​တည်း​ဟူ​သောဇိ​အုန်​တောင်​မှ​ရောင်​ခြည်​တော်​ကို​လွှတ်​တော်​မူ​၏။

3. ငါ​တို့​၏​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၏။သို့​ရာ​တွင်​ဆိတ်​ဆိတ်​ကြွ​လာ​တော်​မူ​သည်​မ​ဟုတ်။ရှေ့​တော်​တွင်​မီး​တောက်​မီး​လျှံ​ဟုန်း​ဟုန်း​ထ​လျက်ကိုယ်​တော်​၏​ပတ်​လည်​တွင်​လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လျက်​ရှိ​၏။

4. မိ​မိ​လူ​စု​တော်​အား​တ​ရား​စီ​ရင်​တော်​မူ သည်​ကို ကြည့်​ရှု​ကြ​ရန်ကိုယ်​တော်​သည်​သက်​သေ​များ​အ​ဖြစ်မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဆင့်​ခေါ် တော်​မူ​၏။

5. ကိုယ်​တော်​က``ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်ငါ​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍​ငါ့​အား​သစ္စာ​စောင့်​သူ များ​ကို စု​ဝေး​စေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

6. ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​တ​ရား​သူ​ကြီး​ဖြစ်​၍တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ကို မိုး​ကောင်း​ကင်​သည်​ကြေ​ညာ​၏။

7. ကိုယ်​တော်​က``ငါ​၏​လူ​စု​တော်​ဝင်​တို့၊ နား​ထောင်​ကြ​လော့။ ငါ​မိန့်​မြွက်​တော်​မူ​မည်။အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​ငါ​သည်​သင်​တို့​ကို ဝေ​ဖန်​ပြစ်​တင်​မည်။ငါ​သည်​ထာ​ဝ​ရ​ဘု​ရား၊​သင်​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​၏။

8. သင်​တို့​သည်​ငါ့​အား​ယဇ်​နှင့်​မီး​ရှို့​ရာပူ​ဇော်​သ​ကာ​များ​ကို​အ​စဉ်​ဆက်​သည့်​အ​တွက် ငါ​သည်​သင်​တို့​အား​ဝေ​ဖန်​ပြစ်​တင်​မှု​မ​ပြု​လို။

9. သို့​ရာ​တွင်​သင်​တို့​၏​ခြံ​များ​မှ​နွား​တို့​ကို လည်း​ကောင်း၊သင်​တို့​၏​ဆိတ်​အုပ်​များ​မှ​ဆိတ်​တို့​ကို​လည်း ကောင်း ငါ​မ​လို။

10. အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​တော​တိ​ရစ္ဆာန် ရှိ​သ​မျှ​ကို​လည်း​ကောင်း၊တောင်​ပေါင်း​များ​စွာ​သော​တောင်​ကုန်း​များ​ရှိတိ​ရစ္ဆာန်​တို့​ကို​လည်း​ကောင်း​ပိုင်​သော​ကြောင့်​ဖြစ်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 50