ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 49:8-9-16 Common Language Bible (BCL)

8-9. အ​ဘယ်​ကြောင့်​ဆို​သော်​လူ​၏​အ​သက်​တန်​ဖိုး​သည် ကြီး​လွန်း​သော​ကြောင့်​ဖြစ်​၏။သူ့​မှာ​အ​ဘယ်​အ​ခါ​၌​မျှ​အ​သက်​ဖိုး ပေး​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့်အ​ဘယ်​သို့​လျှင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် နေ​နိုင်​ပါ​မည်​နည်း။အ​ဘယ်​သို့​လျှင်​သင်္ချိုင်း​တွင်း​သို့​မ​ဆင်း​ဘဲ နေ​နိုင်​ပါ​မည်​နည်း။

10. ပ​ညာ​ရှိ​တို့​သည်​လည်း​ကောင်း၊မိုက်​မဲ​၍ အ​သိ​ဉာဏ်​တုံး​သူ​တို့​သည်​လည်း​ကောင်းသေ​ခြင်း​တ​ရား​ကို​မ​လွန်​ဆန်​နိုင်​ကြောင်း​ကို မည်​သူ​မ​ဆို​တွေ့​မြင်​နိုင်​ပေ​သည်။သူ​တို့​အား​လုံး​ပင်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို သား​မြေး​များ​အ​တွက်​ထား​ခဲ့​ရ​ကြ​၏။

11. အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မြေ​ပိုင်​ရှင်​များ ဖြစ်​ခဲ့​ဖူး​သော်​လည်းယ​ခု​အ​ခါ​သင်္ချိုင်း​တွင်း​များ​သာ​လျှင်ထို​သူ​တို့​အ​ခါ​ခပ်​သိမ်း​နေ​ထိုင်​ရာ၊ ထာ​ဝ​ရ​နေ​အိမ်​များ​ဖြစ်​ပေ​သည်။

12. လူ​သည်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​၍​တည်​မြဲ သည်​မ​ဟုတ်။သူ​သည်​တိ​ရစ္ဆာန်​များ​ကဲ့​သို့​ပင်​သေ​ရ​ပေ​လိမ့်​မည်။

13. မိ​မိ​တို့​ကိုယ်​ကို​ယုံ​ကြည်​အား​ကိုး​သူ​များ၊မိ​မိ​တို့​စည်း​စိမ်​ချမ်း​သာ​ဖြင့်​ကျေ​နပ်​နေ​သူ များ​၏ ကံ​ကြမ္မာ​ကို​ကြည့်​ကြ​လော့။

14. သူ​တို့​သည်​သိုး​များ​ကဲ့​သို့​သေ​ကြ​ရ​၏။ သေ​မင်း​သည်​သူ​တို့​၏​သိုး​ထိန်း​ဖြစ်​လိမ့်​မည်။သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​မိ​မိ​တို့​အိမ်​နှင့် ဝေး​ကွာ​လှ​သည့်​မ​ရ​ဏာ​နိုင်​ငံ​တွင်မ​ကြာ​မီ​ပုပ်​ပျက်​သွား​စဉ်​သူ​တော်​ကောင်း​တို့ သည် သူ​တို့​ကို​အ​နိုင်​ရ​ကြ​လိမ့်​မည်။

15. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကယ်​တော်​မူ​လိမ့်​မည်။သေ​မင်း​၏​လက်​မှ​ငါ့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။

16. လူ​တစ်​စုံ​တစ်​ယောက်​သည်​ချမ်း​သာ​ကြွယ်​ဝ​ကာ သူ​၏​စည်း​စိမ်​ဥစ္စာ​သည်​လည်း​ပို​၍​ပင်တိုး​ပွား​လာ​သော​အ​ခါ​သင်​သည် စိတ်​မ​ကောင်း​မ​ဖြစ်​နှင့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 49