ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 49:6-12 Common Language Bible (BCL)

6. ထို​သူ​တို့​သည်​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကိုယုံ​ကြည်​အား​ကိုး​သူ​များ၊ချမ်း​သာ​ကြွယ်​ဝ​မှု​ကို ကြွား​ဝါ​သူ​များ​ဖြစ်​ပေ​သည်။

7. လူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​ကိုယ်​ကို မ​ကယ်​နိုင်၊မိ​မိ​အ​သက်​၏​တန်​ဖိုး​ကို​ထာ​ဝ​ရ​ဘု​ရား အား မ​ပေး​မ​ဆပ်​နိုင်။

8-9. အ​ဘယ်​ကြောင့်​ဆို​သော်​လူ​၏​အ​သက်​တန်​ဖိုး​သည် ကြီး​လွန်း​သော​ကြောင့်​ဖြစ်​၏။သူ့​မှာ​အ​ဘယ်​အ​ခါ​၌​မျှ​အ​သက်​ဖိုး ပေး​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့်အ​ဘယ်​သို့​လျှင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် နေ​နိုင်​ပါ​မည်​နည်း။အ​ဘယ်​သို့​လျှင်​သင်္ချိုင်း​တွင်း​သို့​မ​ဆင်း​ဘဲ နေ​နိုင်​ပါ​မည်​နည်း။

10. ပ​ညာ​ရှိ​တို့​သည်​လည်း​ကောင်း၊မိုက်​မဲ​၍ အ​သိ​ဉာဏ်​တုံး​သူ​တို့​သည်​လည်း​ကောင်းသေ​ခြင်း​တ​ရား​ကို​မ​လွန်​ဆန်​နိုင်​ကြောင်း​ကို မည်​သူ​မ​ဆို​တွေ့​မြင်​နိုင်​ပေ​သည်။သူ​တို့​အား​လုံး​ပင်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို သား​မြေး​များ​အ​တွက်​ထား​ခဲ့​ရ​ကြ​၏။

11. အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မြေ​ပိုင်​ရှင်​များ ဖြစ်​ခဲ့​ဖူး​သော်​လည်းယ​ခု​အ​ခါ​သင်္ချိုင်း​တွင်း​များ​သာ​လျှင်ထို​သူ​တို့​အ​ခါ​ခပ်​သိမ်း​နေ​ထိုင်​ရာ၊ ထာ​ဝ​ရ​နေ​အိမ်​များ​ဖြစ်​ပေ​သည်။

12. လူ​သည်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​၍​တည်​မြဲ သည်​မ​ဟုတ်။သူ​သည်​တိ​ရစ္ဆာန်​များ​ကဲ့​သို့​ပင်​သေ​ရ​ပေ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 49