ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 49:1-2-10 Common Language Bible (BCL)

1-2. လူ​အ​ပေါင်း​တို့၊ဤ​စ​ကား​ကို​နာ​ယူ​ကြ​လော့။အ​ယုတ်​အ​မြတ်၊ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊အ​ရပ်​တ​ကာ​ရှိ​လူ​ခပ်​သိမ်း​တို့​နား​ထောင်​ကြ​လော့။

3. ငါ​သည်​ရှင်း​လင်း​ပြတ်​သား​စွာ​တွေး​တော​ဆင် ခြင်​မည်။အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ကို ပြော​ဆို​မည်။

4. ငါ​သည်​စ​ကား​ပုံ​များ​ကို​အာ​ရုံ​စိုက်​၍​စဉ်း​စား​မည်။ယင်း​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​စောင်း​တီး​လျက် ရှင်း​လင်း​ဖော်​ပြ​မည်။

5. ဆိုး​ယုတ်​သည့်​ရန်​သူ​တို့​သည်​ငါ့​အားဝိုင်း​ရံ​ထား​သ​ဖြင့်​ငါ​သည်​ဘေး​သင့်​၍​နေ သော်​လည်း ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။

6. ထို​သူ​တို့​သည်​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကိုယုံ​ကြည်​အား​ကိုး​သူ​များ၊ချမ်း​သာ​ကြွယ်​ဝ​မှု​ကို ကြွား​ဝါ​သူ​များ​ဖြစ်​ပေ​သည်။

7. လူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​ကိုယ်​ကို မ​ကယ်​နိုင်၊မိ​မိ​အ​သက်​၏​တန်​ဖိုး​ကို​ထာ​ဝ​ရ​ဘု​ရား အား မ​ပေး​မ​ဆပ်​နိုင်။

8-9. အ​ဘယ်​ကြောင့်​ဆို​သော်​လူ​၏​အ​သက်​တန်​ဖိုး​သည် ကြီး​လွန်း​သော​ကြောင့်​ဖြစ်​၏။သူ့​မှာ​အ​ဘယ်​အ​ခါ​၌​မျှ​အ​သက်​ဖိုး ပေး​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့်အ​ဘယ်​သို့​လျှင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် နေ​နိုင်​ပါ​မည်​နည်း။အ​ဘယ်​သို့​လျှင်​သင်္ချိုင်း​တွင်း​သို့​မ​ဆင်း​ဘဲ နေ​နိုင်​ပါ​မည်​နည်း။

10. ပ​ညာ​ရှိ​တို့​သည်​လည်း​ကောင်း၊မိုက်​မဲ​၍ အ​သိ​ဉာဏ်​တုံး​သူ​တို့​သည်​လည်း​ကောင်းသေ​ခြင်း​တ​ရား​ကို​မ​လွန်​ဆန်​နိုင်​ကြောင်း​ကို မည်​သူ​မ​ဆို​တွေ့​မြင်​နိုင်​ပေ​သည်။သူ​တို့​အား​လုံး​ပင်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို သား​မြေး​များ​အ​တွက်​ထား​ခဲ့​ရ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 49