ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 47:1-7 Common Language Bible (BCL)

1. လူ​မျိုး​အ​ပေါင်း​တို့၊ရွှင်​လန်း​စွာ​လက်​ခုပ်​တီး ကြ​လော့။အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား အား ထော​မ​နာ​ပြု​ကြ​လော့။

2. အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် ကြောက်​မက်​ဖွယ်​ကောင်း​ပေ​၏။ကိုယ်​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကိုအ​စိုး​ရ​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်​ဖြစ်​တော် မူ​၏။

3. ကိုယ်​တော်​သည်​ငါ​တို့​အား​လူ​မျိုး​တ​ကာ​တို့​ကို အ​နိုင်​ရ​စေ​၍တိုင်း​နိုင်​ငံ​တို့​ကို​အုပ်​စိုး​စေ​တော်​မူ​၏။

4. ကိုယ်​တော်​သည်​ငါ​တို့​နေ​ထိုင်​ရာ​ပြည်​ကို ရွေး​ချယ်​ပေး​တော်​မူ​၏။ထို​ပြည်​ကား​ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ သောလူ​စု​တော်​ပိုင်​ဆိုင်​၍​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​ဖြစ် ပေ​သည်။

5. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​သို့ တက်​ကြွ​တော်​မူ​၏။ထာ​ဝ​ရ​ဘု​ရား​တက်​ကြွ​တော်​မူ​သော​အ​ခါရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သည့်​အ​သံ များ​နှင့် တံ​ပိုး​ခ​ရာ​မှုတ်​သံ​များ​ကို​ကြား​ရ​ကြ​၏။

6. ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။ ငါ​တို့​ဘု​ရင်​အား​ချီး​မွမ်း​သီ​ချင်း​ဆို​ကြ​လော့။

7. ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​၏​ဘု​ရင်ဖြစ်​တော်​မူ​၏။သီ​ချင်း​များ​ဖြင့်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 47