9. အရှင်မင်းကြီး၏မောင်းမတော်တို့တွင် အပြည်ပြည်မှမင်းသမီးများပါဝင်ပါ၏။ရာဇပလ္လင်တော်၏လက်ယာဘက်တွင်ရွှေစင်ဖြင့်ပြီးသောတန်ဆာများကိုဆင်ယင်ကာ မိဖုရားကြီးသည်ရှိနေပါ၏။
10. အရှင်မင်းကြီး၏ကြင်ရာတော်လောင်း၊ နားထောင်ပါလော့။သင်သည်ကိုယ့်အမျိုးသားများနှင့်ဆွေမျိုးတို့ကို မေ့ပစ်ပါလော့။
11. သင်၏လှပသောအဆင်းသည်မင်းကြီးအား သင့်ကိုနှစ်သက်စွဲလန်းစေလိမ့်မည်။မင်းကြီးသည်သင်၏အရှင်သခင်ဖြစ်သဖြင့် သင်သည်သူ၏စကားကိုနားထောင်ရမည်။
12. တုရုပြည်သားတို့သည်သင့်ထံမှမျက်နှာ ရအောင် ကြိုးစားကြလိမ့်မည်။ချမ်းသာကြွယ်ဝသူတို့သည်သင့်ထံမှ မျက်နှာရအောင်ကြိုးစားကြလိမ့်မည်။
13. မင်းသမီးသည်နန်းတွင်းသို့ရောက်လေပြီ။သူသည်အလွန်လှပတင့်တယ်ပါသည်တကား။သူ၏ဝတ်လဲတော်ကိုရွှေချည်ဖြင့် ရက်လုပ်ထားပေသည်။
14. သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။
15. သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာလာရောက်ကြပြီးလျှင်မင်းကြီး၏နန်းတော်သို့ ဝင်ကြ၏။
16. ကျွန်တော်မျိုး၏အရှင်မင်းမြတ်၊ဘိုးတော် တို့၏ အရိုက်အရာကိုဆက်ခံရန်အတွက်အရှင်မင်းကြီးမှာသားရတနာမြောက်မြားစွာ ထွန်းကားပါလိမ့်မည်။အရှင်မင်းကြီးသည်သူတို့အားကမ္ဘာအရပ် ရပ်တွင် စိုးမိုးအုပ်ချုပ်မင်းလုပ်စေတော်မူလိမ့်မည်။
17. ကျွန်တော်မျိုး၏သီချင်းသည်အရှင်မင်း ကြီးအား ထာဝစဉ်ထင်ပေါ်ကျော်ကြားစေပါလိမ့်မည်။လူအပေါင်းတို့သည်လည်းအရှင်မင်းကြီးအား ကာလအစဉ်အဆက်ချီးမွမ်းကြပါလိမ့်မည်။