ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 45:6-16 Common Language Bible (BCL)

6. အ​ရှင်​မင်း​ကြီး​အား​ဘု​ရား​သ​ခင်ပေး​အပ်​တော်​မူ​သော​ရာ​ဇ​ပလ္လင်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။အ​ရှင်​မင်း​ကြီး​သည်​မိ​မိ​၏​တိုင်း​နိုင်​ငံ​ကို တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​ပါ​၏။

7. အ​မှန်​တ​ရား​ကို​နှစ်​သက်​၍​ဆိုး​ညစ်​မှု​ကို မုန်း​တော်​မူ​ပါ​၏။သို့​ဖြစ်​သော​ကြောင့်​အ​ရှင်​မင်း​ကြီး​၏ ဘု​ရား​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သည်အ​ရှင်​မင်း​ကြီး​အား​ရွေး​ချယ်​တော်​မူ​ပြီး​လျှင် အ​ခြား​ဘု​ရင်​အ​ပေါင်း​တို့​ထက်ချီး​မြှောက်​၍​ဝမ်း​မြောက်​ခြင်း​တည်း​ဟူ​သော ဆီ​ကို​သွန်း​တော်​မူ​ပါ​ပြီ။

8. အ​ရှင်​မင်း​ကြီး​၏​ဝတ်​လဲ​တော်​တို့​သည် မု​ရန်၊အ​ကျော်၊ သစ်​ကြ​ပိုး​ရနံ့​တို့​ဖြင့်​မွှေး​ကြိုင်​လျက်​ရှိ​ပါ​၏။ဂီ​တ​ပ​ညာ​သည်​တို့​သည်​ဆင်​စွယ်​နန်း​တော်​များ​တွင် အ​ရှင်​မင်း​ကြီး​အား​ဖျော်​ဖြေ​ကြ​ပါ​၏။

9. အ​ရှင်​မင်း​ကြီး​၏​မောင်း​မ​တော်​တို့​တွင် အ​ပြည်​ပြည်​မှ​မင်း​သ​မီး​များ​ပါ​ဝင်​ပါ​၏။ရာ​ဇ​ပလ္လင်​တော်​၏​လက်​ယာ​ဘက်​တွင်ရွှေ​စင်​ဖြင့်​ပြီး​သော​တန်​ဆာ​များ​ကို​ဆင်​ယင်​ကာ မိ​ဖု​ရား​ကြီး​သည်​ရှိ​နေ​ပါ​၏။

10. အ​ရှင်​မင်း​ကြီး​၏​ကြင်​ရာ​တော်​လောင်း၊ နား​ထောင်​ပါ​လော့။သင်​သည်​ကိုယ့်​အ​မျိုး​သား​များ​နှင့်​ဆွေ​မျိုး​တို့​ကို မေ့​ပစ်​ပါ​လော့။

11. သင်​၏​လှ​ပ​သော​အ​ဆင်း​သည်​မင်း​ကြီး​အား သင့်​ကို​နှစ်​သက်​စွဲ​လန်း​စေ​လိမ့်​မည်။မင်း​ကြီး​သည်​သင်​၏​အ​ရှင်​သ​ခင်​ဖြစ်​သ​ဖြင့် သင်​သည်​သူ​၏​စ​ကား​ကို​နား​ထောင်​ရ​မည်။

12. တု​ရု​ပြည်​သား​တို့​သည်​သင့်​ထံ​မှ​မျက်​နှာ ရ​အောင် ကြိုး​စား​ကြ​လိမ့်​မည်။ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​သည်​သင့်​ထံ​မှ မျက်​နှာ​ရ​အောင်​ကြိုး​စား​ကြ​လိမ့်​မည်။

13. မင်း​သ​မီး​သည်​နန်း​တွင်း​သို့​ရောက်​လေ​ပြီ။သူ​သည်​အ​လွန်​လှ​ပ​တင့်​တယ်​ပါ​သည်​တ​ကား။သူ​၏​ဝတ်​လဲ​တော်​ကို​ရွှေ​ချည်​ဖြင့် ရက်​လုပ်​ထား​ပေ​သည်။

14. သူ​သည်​အ​ရောင်​အ​ဝါ​တောက်​ပ​သည့် အ​ဝတ်​တန်​ဆာ​ကို​ဝတ်​ဆင်​ထား​၏။သူ့​ကို​အ​ပျို​ရံ​များ​လိုက်​ပါ​လျက်​မင်း​ကြီး ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။အ​ပျို​ရံ​များ​ကို​လည်း​မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။

15. သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာလာ​ရောက်​ကြ​ပြီး​လျှင်​မင်း​ကြီး​၏​နန်း​တော်​သို့ ဝင်​ကြ​၏။

16. ကျွန်​တော်​မျိုး​၏​အ​ရှင်​မင်း​မြတ်၊​ဘိုး​တော် တို့​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန်​အ​တွက်အ​ရှင်​မင်း​ကြီး​မှာ​သား​ရ​တ​နာ​မြောက်​မြား​စွာ ထွန်း​ကား​ပါ​လိမ့်​မည်။အ​ရှင်​မင်း​ကြီး​သည်​သူ​တို့​အား​ကမ္ဘာ​အ​ရပ် ရပ်​တွင် စိုး​မိုး​အုပ်​ချုပ်​မင်း​လုပ်​စေ​တော်​မူ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 45