2. အရှင်မင်းကြီးသည်လူတကာတို့ထက် အဆင်းလှပါ၏။မွန်မြတ်သောစကားကိုမိန့်မြွက်တော်မူတတ်ပါ၏။သို့ဖြစ်၍ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ထာဝစဉ်ခံစားတော်မူရပါ၏။
3. တန်ခိုးကြီးတော်မူသောအရှင်၊ဋ္ဌားတော်ကို တပ်ဆင်တော်မူပါ။အရှင်မင်းကြီးသည်တန်ခိုးတော်၊ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူပါ၏။
4. သစ္စာတရားနှင့်တရားမျှတမှုစိုးမိုးရေး အတွက်ဘုန်းအသရေတော်နှင့်တကွချီတက်တိုက် ခိုက်၍ အောင်ပွဲခံတော်မူပါ။အရှင်မင်းကြီးသည်မိမိ၏စွမ်းရည်အားဖြင့် အောင်ပွဲကြီးများကိုခံရပါလိမ့်မည်။
5. မြားတော်တို့သည်ထက်သည်ဖြစ်၍ရန်သူတို့၏ နှလုံးသားကိုထိုးဖောက်ပါ၏။လူမျိုးတကာတို့သည်ခြေတော်ရင်း၌လဲကြ ပါ၏။
6. အရှင်မင်းကြီးအားဘုရားသခင်ပေးအပ်တော်မူသောရာဇပလ္လင်သည် ကာလအစဉ်အဆက်တည်လိမ့်မည်။အရှင်မင်းကြီးသည်မိမိ၏တိုင်းနိုင်ငံကို တရားမျှတစွာအုပ်စိုးတော်မူပါ၏။
7. အမှန်တရားကိုနှစ်သက်၍ဆိုးညစ်မှုကို မုန်းတော်မူပါ၏။သို့ဖြစ်သောကြောင့်အရှင်မင်းကြီး၏ ဘုရားတည်းဟူသောဘုရားသခင်သည်အရှင်မင်းကြီးအားရွေးချယ်တော်မူပြီးလျှင် အခြားဘုရင်အပေါင်းတို့ထက်ချီးမြှောက်၍ဝမ်းမြောက်ခြင်းတည်းဟူသော ဆီကိုသွန်းတော်မူပါပြီ။
8. အရှင်မင်းကြီး၏ဝတ်လဲတော်တို့သည် မုရန်၊အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့်မွှေးကြိုင်လျက်ရှိပါ၏။ဂီတပညာသည်တို့သည်ဆင်စွယ်နန်းတော်များတွင် အရှင်မင်းကြီးအားဖျော်ဖြေကြပါ၏။