ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 42:5-9 Common Language Bible (BCL)

5. ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ် ရ​သ​နည်း။အ​ဘယ်​ကြောင့်​ပူ​ပင်​သော​က​ရောက်​ရ​သ​နည်း။ငါ​သည်​ဘု​ရား​သ​ခင်​အား​မျှော်​ကိုး​လျက် နေ​ပါ​မည်။ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​အား​တစ်​ဖန် ထော​မ​နာ​ပြု​ပါ​မည်။

6-7. ယ​ခု​ပြည်​နှင်​ဒဏ်​ငါ​ခံ​နေ​ရ​ချိန်​၌​ငါ​၏ စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ရှိ​၏။သို့​ဖြစ်​၍​ငါ​သည်​ကိုယ်​တော်​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။ကိုယ်​တော်​သည်​ဟေ​ရ​မုန်​တောင်​နှင့်မိ​ဇ​ရ​တောင်​မှ​ဝမ်း​နည်း​ခြင်း​လှိုင်း​လုံး​များ​ကို စေ​လွှတ်​တော်​မူ​ပြီး​လျှင်ယော်​ဒန်​မြစ်​မှ​ရေ​တံ​ခွန်​စီး​ဆင်း​လာ​သ​ကဲ့​သို့ အ​သံ​ဗ​လံ​နှင့်​ငါ့​ကို​လွှမ်း​မိုး​စေ​တော်​မူ​ပါ​၏။

8. နေ့​အ​ချိန်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​စေ​သော။ထို​အ​ခါ​ည​အ​ချိန်​၌​ငါ​သည်​သီ​ချင်း​ဆို​နိုင်​၍ငါ​၏​အ​သက်​သ​ခင်​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​နိုင်​ပါ​မည်။

9. ``ကိုယ်​တော်​သည်​အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား မေ့​လျော့​၍​နေ​တော်​မူ​ပါ​သ​နည်း။အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​သည်​ရန်​သူ​တို့​၏ရက်​စက်​ကြမ်း​ကြုတ်​မှု​ဒဏ်​ကို​ခံ​လျက် နေ​ရ​ပါ​မည်​နည်း'' ဟုငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ဘု​ရား​သ​ခင်​အား ငါ​လျှောက်​ထား​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 42